ရခိုင်ပြည်နယ် အတွင်း ရောက်ရှိ နေသော တပ်မတော် နယ်လှည့် အထူးကု ဆေးကုသရေး အဖွဲ့များက ဒေသခံ ပြည်သူ များကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များအား ဆောင်ရွက် ပေးလျက် ရှိရာ ဒီဇင်ဘာ ၁၉ ရက်တွင် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့(၂)သည် ပေါက်တော မြို့တွင် အခြေပြု၍ ဒေသခံ ပြည်...သူ ၃၂၃ ဦးအား ဆေးဝါး ကုသ ပေးခဲ့ပြီး တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့(၆)က ရသေ့တောင် မြို့နယ်မှ ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သော ဒေသခံ ပြည်သူ လေးဦးတို့အား စစ်တွေမြို့ တပ်မတော် ဆေးရုံသို့ လွှဲပြောင်း ကုသ စေခဲ့သည်။
စစ်တွေမြို့ရှိ အခြေပြု ဆေးကုသရေး အဖွဲ့သည် တပ်မတော် ဆေးရုံ၌ တက်ရောက်ကာ ဆေးဝါး ကုသ၍ ရောဂါ ပျောက်ကင်း သွားသော ဒေသခံ ပြည်သူ ၂ဝ ဦးအား နေရပ် အသီးသီးသို့ ပြန်ရန်အတွက် လိုအပ်သည်များ ကူညီ ဆောင်ရွက် ပေးခဲ့ပြီး ဆေးရုံ တက်ရောက် ကုသမှု ခံယူနေသော ဒေသခံ ပြည်သူ ၁၁ ဦးအား လိုအပ်သော ဆေးဝါး ကုသမှုများ ဆက်လက် ဆောင်ရွက် ပေးသည်။
တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့များသည် ရခိုင်ပြည်နယ် အတွင်း ဒီဇင်ဘာ ၄ ရက် မှ ၁၉ ရက် အထိ ဒေသခံ ပြည်သူ ၁၅၉ဝ၉ ဦးအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည့် အပြင် ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ များကို ဆွေးနွေး ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm/allnews/localnews/item/2350-2012-12-20-09-41-50See More
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
