ရန်ကုန်၊ ဒီဇင်ဘာ ၂၀
အိန္ဒိယသို့ ရောက်ရှိနေသော နှစ်ရက်ကြာ ခရီးစဉ်အတွင်း မြန်မာ သမ္မတကြီး ဦးသိန်းစိန်သည် ကုန်းဘောင် နောက်ဆုံးမင်းဆက် သီပေါမင်း ဗြိတိလျှအစိုးရ လက်အောက် အကျယ်ချုပ်ဖြင့်နေထိုင်ခဲ့သော ရတနာဂီရီရှိ စံအိမ်သို့ သွားရောက် လေ့လာမည်ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ စလမန်းကာရှစ် က ပြောကြားသည်။
ထိုကြောင့် သမ္မတကြီး ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် ပဒေသရာဇ် စနစ်နောက်ဆုံး ဘုရင်ဖြစ်သော သီပေါမင်း နန်းကျဘုရင် ဘ၀ဖြင့် နောက်ဆုံး စိုးစံခဲ့ရာ စံအိမ်သို့ ပထမဆုံး သွားရောက်လည်ပတ်သော မြန်မာအစိုးရ ခေါင်းဆောင်ဖြစ် လာမည် ဖြစ်ကြောင်း သီပေါမင်း၏ မြစ်တော် ဒေါ်ဒေ၀ီသန့်စင်က ပြောကြားသည်။
မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ ကမ္ဘာ့လူဦးရေ အများဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယတွင် ဒီဇင်ဘာ ၂၀ နှင့် ၂၁ ရက်နေ့များတွင် နေထိုင်မည်ဖြစ်ပြီး အိန္ဒိယ သမ္မတ မစ္စတာ ပရနာဗ် မူကာရ်ဂျီး၊ ၀န်ကြီးချုပ်ဒေါက်တာ မန်မိုဟန်ဆင်း တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ကဆိုသည်။
ထိုအပြင် အိန္ဒိယနိုင်ငံ၊ နယူဒေလီမြို့တွင်ကျင်းပမည့် အကြိမ်၂၀ မြောက် အိန္ဒိယ-အာဆီယံ ထိပ်သီးညီလာခံသို့ ဦးသိန်းစိန်တက်ရောက်မည်ဖြစ်ကြေ
ဒေါ်အောင်ဆန်းစုကြည်၏ အိန္ဒိယခရီးအပြီး တစ်လအကြာ ဖြစ်ပေါ်လာသော သမ္မတကြီး၏ ခရီးစဉ်နှင့် ပတ်သက်၍ မြန်မာအစိုးရ သမ္မတရုံး က သတင်းထုတ်ပြန်ခြင်းမရှိပေ။
သီပေါမင်း၏ အုတ်ဂူကို အိန္ဒိယအစိုးရ၏ ရန်ပုံငွေဖြင့် ပြင်ဆင်ရန် သတင်းထုတ်ပြန်ထားချိန်တွင် သမ္မတကြီး၏ ခရီးစဉ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၁၈၇၈ မှ ၁၈၈၅ အထိ ရတနာပုံ ထီးနန်းစိုးစံခဲ့သော သီပေါမင်းကို ၁၈၅၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် နန်းကျ ဘုရင်ဘ၀ဖြင့် ရတနာဂီရိ၌ နေထိုင်ရင်း ကံကုန်ခဲ့သည်။
The Voice Weekly