ရခိုင်ပြည်နယ် အနှံ့အပြားတွင်
အောက်တိုဘာလ အတွင်းက
ဖြစ်ပွားခဲ့သော ပဋိပက္ခ အတွင်း
ပါဝင်သူ ရခိုင်လူမျိုးများကို
လုံခြုံရေး တပ်ဖွဲ့ဝင်များကို
ယခုလမှ စတင် လိုက်လံ ဖမ်းဆီးနေပြီ ဖြစ်ကြောင်း သိရသည်။
“ ကျွန်မတို့ ပန်းမြောင်းရွာ ဆံသဆိုင်က မြင့်နိုင်နဲ့ ကျောင်းတောင်ရွာက မောင်ဌေးစိန်တို့ကို တစ်နေ့က ဖမ်းဆီးသွားပါတယ်။ နောက်ထပ်လည်း လူ ၁၀ ကျော် ဖမ်းဆီးမယ်ဆိုတဲ့ အတွက် ရွာသားတွေ တော်တော်များများ ထွက်ပြေးနေကြပါတယ်။
အခုဖမ်းနေတာက စစ်တပ်က ပါ” ဟု ပန်းမြောင်းရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။
ပန်းမြောင်းကျေးရွာမှာ မင်းပြားမြို့နယ်တွင် တည်ရှိသော ရခိုင်ကျေးရွာကြီး တစ်ရွာဖြစ်ပြီး ပဋိပက္ခအတွင်း စစ်တပ်က ပစ်ခတ်၍ အဆိုပါ ကျေးရွာမှ ရခိုင်လူငယ်ဦး (၂) ဦး သေဆုံးခဲ့သည်။
အရေးအခင်း အတွင်းတွင်အနီးအနားရှိ သရက်အုပ် မူစလင်ကျေးရွာ မီးရှို့တိုက်ခံ ခံရမူနှင့် ပတ်သက်ပြီး ပန်းမြောင်းရွာမှ ပါဝင်သူများဟု ယူဆသူများကို လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်သည်။
“ ရွာထဲကို စစ်တပ်က ၀င်ပြီး လိုက်ရှာနေတာ သုံးကြိမ် ရှိပါပြီ။ လူတွေကတော့ ကြောက်ပြီး ပုန်းရှောင် နေကြပါတယ်” ဟု ဆိုသည်။
အလားတူ ကျောက်တော်မြို့နယ်တွင်လည်း လိုက်လံ ဖမ်းဆီးနေရာ အပေါက်ဝ ကျေးရွာမှ လူ (၁၀) ကို ဖမ်းဆီးမည် ဆိုသဖြင့် ရွာထဲက လူအများအပြား ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု ဒေသခံ ရွာသား တစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ရွာက လူ (၁၀) ဦးဖမ်းမယ်လို့ သိရပါတယ်။ ခရိုင်တရားရုံးက စာရင်းထုတ်ပြန်တာပါ။ ဘယ်သူတွေ ပါသလဲဆိုတာကို ရဲကဘဲ သိပါလိမ့်မယ်။ အခုတော့ သူတို့ ရွာထဲက အိမ်တွေမှာ မရှိကြတော့ဘူး။ ရွာထဲကို ရဲက ၀င်ရှာတာက နှစ်ကြိမ်ရှိပါပြီ။ မူစလင်ရွာတွေမှာတော့ ဒီလို လုပ်တာ မကြားရသေးပါဘူး” ဟု ဆိုသည်။
၎င်းပြင် အပေါက်ဝ ကျေးရွာ အနီးရှိ ရွာသစ်ကေ၊ ဒုက္ကံချောင်း၊ ဂုတ်ပီထောင့် စသည့် ကျေးရွာများတွင်လည်း ဖမ်းဆီးမူများ ရှိနေပြီး လူအတော်များများ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု ဆိုသည်။
” ကျွန်တော် ရွာအနီးက ဆိုရင် ဒုက္ကံချောင်း၊ ရွာသစ်ကေ၊ ဂုတ်ပီထောင့် အပါအ၀င် တစ်ခြားရွာတွေလည်းမှာလည်း ခုလို ဖမ်းဆီးနေတဲ့ သတင်းတွေ ကြားပါတယ်။ အတိအကျတော့ စာရင်း မရသေးပါဘူး။”
မြောက်ဦးမြို့နယ်မှ လူ (၆) ဦးကို ဖမ်းဆီးပြီး စစ်တွေမြို့မှ ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားပြီး ရမန်ယူကာ စစ်ဆေးနေသည်ဟု သိရသည်။
ယခု ဖမ်းဆီး စစ်ဆေးခံရသူများမှာ မြောက်ဦးမြို့နယ် ယိုင်သည်ကျေးရွာမှ ဦးဇော်မိုးနိုင်၊ ဦးဇော်မိုးထွန်း လေးမြို့သား ကျေးရွာမှ ဦးတင်လှ၊ သံရွှင်ပြင်ရွာမှ ဦးပြေသိန်းအောင်၊ ဦးဦးမောင်ကျော်လိုင်နှင့် ဦးမောင်သိန်းတို့ ဖြစ်ကြသည်။
အောက်တိုဘာလ အတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အရေးအခင်းတွင် ရခိုင်လူမျိုး ၆၁ ဦး သေဆုံးခဲ့ပြီး ထိုအထဲမှ ၁၁ ဦးမှာ စစ်တပ်က ပစ်ခတ်၍ သေဆုံးခဲ့သည်။
နိရဉ္စရာသတင်းဌာန
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)