ရခိုင်ပြည်ကူညီထောက်ပံ့ရေးအဖွဲ့မှ ယခု ဒီဇင်ဘာလ ပထမအပတ်တွင် စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ အလှူငွေများသွားရောက်လှူဒါန်းခဲ့ကြောင်း ၄င်းတို့၏ အသင်းပိုင် အင်တာနက်စာမျက်နှာတွင်ဖော်ပြထားကြောင်းသိရသည်။ အဆိုပါ အလှူငွေများပေးအပ်ခြင်းတွင် စခန်း(၅)ခုရှိ အိမ်ထောင်စု ၆၉၀ အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၅၀၀၀၀ စီနှင့် အခြားအသုံးအဆောင် ပစ္စည်းများပေးအပ်ထောက်ပံ့ခဲ့သည်ဟုသိရသည်။ ယခုလာမည့် ၉-၁၂-၂၀၁၂ နေ့တွင်လည်း အဆိုပါပါ စခန်း(၅)ခုရှိ ကျောင်းသူကျောင်းသား များအတွက်လည်း ပညာသင်ထောက်ပံ့စရိတ်များကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်းကို နာရေးကူညီမှုအသင်း(စစ်တွေ) ပိုင် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားကြောင်းသိရသည်။ ရခိုင်ပြည်ကူညီထောက်ပံ့ရေးအဖွဲ့ အား နာရေးကူညီမှုအသင်း(စစ်တွေ)မှ ဦးဆောင်ပြိး မြို့ခံပြည်သူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
်from RSV
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)