ရခိုင်ပြည်နယ်တွင် ပဋိပက္ခဖြစ်စဉ်များရှိခဲ့သော်လည်း ရခိုင်ပြည်နယ်၏ လယ်ယာစိုက်ပျိုးရေးဧကမှာ လျော့နည်းသွားခြင်းမရှိပဲ ဧက (၆) သိန်းကျော် ရိတ်သိမ်းပြီးစီးပြီးဖြစ်ကြောင်း ပြည်နယ်လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက သိရသည်။
ရခိုင်ပြည်နယ် ဖြစ်စဉ်တစ်ချို့ကြောင့် ဒေသအနှံ့အပြားတွင် စပါးစိုက်ပျိုးချိန် နောက်ကျခဲ့သော်လည်း စပါးရိတ်သိမ်းချိန်တွင် အထွက်နှုန်းတိုးကြောင်း သိရသည်။
“စပါးရိတ်သိမ်းတဲ့ အချိန်မှာ ရန်ကုန်တို့မကွေးတိုဆိုရင် မိုးရွာတယ်၊ ကျွန်တော်တို့ ရခိုင်မှာတော့ စပါး ရိတ်သိမ်းတဲ့အချိန် မိုးမရွာဘူး။ အဲဒါ တစ်ခုတော့ကောင်းတယ်၊ စပါးရိတ်သိမ်းတဲ့ အနေအထားကို ကြည့်လိုက်တော့ စိုက်ခင်းတွေလည်း ကောင်းပါတယ်။”ဟု ပြည်နယ်မှူးဦးခင်မောင်ဝင်းက ပြောသည်။
စပါးရိတ်သိမ်းချိန်တွင် ရခိုင်နှင့် ဘင်္ဂလီတို့၏ စပါးစိုက်ခင်းများအား လွတ်လပ်စွာလုပ်ပိုင်ခွင့် ပေးထား ကြောင်းကိုလည်း သိရသည်။
“ပဋိပက္ခဖြစ်တဲ့နေရာတွေမှာလည်း စပါးခင်းတွေ ရိတ်သိမ်းလို့ရပါတယ်။ နှစ်ဦးနှစ်ဘက်နားလည်မှု ရှိကြပါတယ်။ ဘင်္ဂလီရွာ ဆိုလို့ရှိရင်လဲ ကိုယ့်စပါးကို သိမ်းပြီးတော့ ရခိုင်ဆိုလို့ရှိရင်လဲ ကိုယ့်လယ် ကွင်းထဲမှာ ရိတ်သိမ်းနေကြတယ်။ ကျွန်တော် တို့မြင်တွေ့နေရတာကတော့ နားလည်မှုရှိရှိနဲ့ ကိုယ့်စပါး ကိုယ် ရိတ်သိမ်း နေတဲ့ အနေအထားရှိပါတယ် ။ ကျောက်တော် ဘက်မှာဆိုရင်လည်း ဘင်္ဂလီလယ် သမားတွေ ကိုယ်တိုင် ကိုယ့်စပါး ကိုရိတ်သိမ်းပြီးတော့တိုက်ရိုက်သယ်သွားတဲ့ အနေအထားမှာ ရှိတယ်။ အဟန့်အတားတွေ မရှိပါဘူး” ဟု ပြည်နယ်မှူးက ဆက်ပြောသည်။
ရခိုင်ပြည်နယ် (၁၁)မြို့နယ်တွင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး စိုက်ပျိုးရေးကဏ္ဍ၌ နောက်ကျခဲ့ခြင်း ဖြစ်သည်။
ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် တခြားမြို့နယ်များရှိ လယ်ယာစိုက်ခင်းများသည် ဘင်္ဂါလီတို့၏ စိုက်ခင်းနှင့် ထိစပ်နေသဖြင့် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုတည်ဆောက်ရန် ခက်ခဲနေသေးကြောင်း ကိုလည်း ဒေသခံများထံက သိရသည်။
ရခိုင်ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေသည့် ပြည်နယ်တစ်ခု ဖြစ်ပြီး ယခုနှစ်တွင် ပဋိပက္ခဖြစ်စဉ်များကြောင့် အခြားသီးနှံစိုက်ပျိုးရေးလုပ်ငန်းတို့မှာ အနည်းငယ်သာ လုပ်ကိုင်နေကြရသည်။
from myit ma kha
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)