ရခိုင်ပဋိပက္ခကြောင့် မီးလောင်ပျက်စီးခဲ့သော အိမ်ရာအစား ကျပ်သိန်း ၄ဝ ကျော်တန်ဖိုးရှိ ရယ်ဒီမိတ်နှစ်ထပ်တိုက်အ
ိမ်များကို စစ်တွေ၌ တရုတ်အကူအညီဖြင့် ဆောက်လုပ်ပေးရန်ရှိသည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှအရာရှိ ဦးသန်းထွဋ် ဆွေက ပြောသည်။
စတုရန်းပေ ပတ်လည် ၂၁ ပေ X ၁၅ ပေရှိပြီး ရေချိုးခန်း၊ အိမ်သာပါပူးတွဲပါဝင်သည့် နှစ်ထပ် အိမ်များကို ပြည်နယ်အစိုးရနှင့် တိုင်ပင်၍ စစ်တွေမြို့တွင် ၂ဝ၁၃ ခုနှစ်၌ စတင်ဆောက်လုပ်ပေး သွားနိုင်ခြေရှိသည်ဟု ၄င်းကပြော သည်။ ”တရုတ်က ပို့မှာကတော့ အလုံး ၁ဝဝဝ၊ ပထမအသုတ် အနေနဲ့အလုံး ၃၅ဝအရင်လာမယ်။ ရန်ကုန် ဆိပ်ကမ်းအထိကို တရုတ် က အရောက်ကူညီပေးမယ်။ ရခိုင် အရောက်ကတော့ မြန်မာဘက်က တာဝန်ယူရမယ်”ဟု ဦးသန်းထွဋ် ဆွေကဆက်လက်ပြောသည်။
ကွန်က ရစ်ကြမ်းခင်း တစ်ပေခွဲ နှင့် ဘေးပတ်လည်တွင် ရေလမ်း၊ မီးလမ်းလုပ်ပေးရမည့် ကုန်ကျငွေကို မြန်မာဘက်က တာဝန်ယူမည်ဟု သိရသည်။၂ဝ၁၂ စက်တင်ဘာလ ကတည်းက အဆိုပါ အိမ်အလုံး ၁ဝဝဝ အကူအညီပေးရေးကို နှစ် နိုင်ငံသဘောတူညီခဲ့ပြီး ဖြစ်သည် ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနမှ သိရသည်။တရုတ်ဘက်က ပေးပို့လာ မည့် အိမ်အလုံး ၁ဝဝဝ ကို ရခိုင် အပြင် ကချင်တွင်ပါ ခွဲဝေဆောက် လုပ်ပေးရန် အစီအစဉ်ရှိကြောင်း ၄င်းကထပ်လောင်းပြောသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရ၊ လူမှု ဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုက္ခသည်များဆိုင်ရာ ကုလ သမဂ္ဂ မဟာမင်းကြီးရုံး CARE Myanmar တို့က မောင်တောတွင် သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်း အိမ်ရာ၅၅၂ လုံးကိုဆောက်လုပ်လျက်ရှိသည်။ နိုင်ငံတော်သမ္မတရုံး ထုတ်ပြန် မှုအရ ရခိုင်ပဋိပက္ခကြောင့် နေအိမ် နှင့် အဆောက်အအုံ တစ်သောင်း တစ်ထောင်မီးရှို့ခံခဲ့ရပြီး လူပေါင်း တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရ သည်။
်from Thit Htoo Lwin blog
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
