ရခိုင်ပြည်အရေးနှင့် ပက်သက်၍ ရခိုင်အမျိုးသားများအချင်းချင်းကြားတွင် ဘုံလုပ်ငန်းစဉ်များနှင့် သဘောထားများ ချက်မှတ်နိုင်ရန် ရခိုင်အမျိုးသားများညီလာခံတစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်ရန်အတွက် ရခိုင်အမျိုးသားများအလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
ယင်းကော်မတီကို ရခိုင်တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် ဖွဲ့စည်းလိုက်ပြီး ကော်မတီလုပ်ငန်းစဉ်များအနေဖြင့် ရခိုင်ပြည်၏ ယနေ့လက်ရှိဖြစ်ပေါ်လျက်ရှိသော လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်မာရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စသည့်အကြောင်းရာကိစ္စအရပ်ရပ်ကို သုံးသပ်ဆွေးနွေးပြီး ဘုံသဘောတူညီချက်များ ချက်မှတ်နိုင်ရန် ရခိုင်အမျိုးသား အလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်အောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
"ရခိုင်အဖွဲ့အစည်းတွေအားလုံးဟာ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် ရခိုင်အရေးနဲ့ ပက်သက်ပြီး ကြိုးပမ်းနေတာတွေရှိတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကတော့ အဲလို တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအဖွဲ့အစည်းတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြည်ပ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေကို ဖိတ်ကြားပြီးတော့ ရခိုင်အမျိုးသားတွေအကုန်လုံး ရခိုင်ပြည်အရေးနဲ့ပက်သက်လာရင် ဘုံသဘောတူညီချက်တစ်ခုအပေါ်မှာရပ်တည်ပြီးတော့ ပြောဆို လှုပ်ရှားကြနိုင်ဖို့အတွက် ရခိုင်အမျိုးသားများအလုပ်ရုံဆွေးနွေးပွဲတစ်ခု လုပ်ဖို့လိုအပ်လာတဲ့အပေါ်မှာ ဒီကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်တယ်။ ဆွေးနွေးပွဲကိုတော့ လာမယ့်နှစ် ၂၀၁၃ခုနှစ်၊ ဇွန်န၀ါရီ (၇၊ ၈၊ ၉)ရက်တွေမှာ ကျင်းပသွားမှာပါ"ဟု ရခိုင်အမျိုးသားများအလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေး လုပ်ငန်းကော်မတီမှ ဗိုလ်မှူးကျော်ဟန်(ရက္ခိုင့်တပ်မတော်)က ပြောသည်။
အလုပ်ရုံဆွေးနွေးပွဲကော်မတီကို ဖွဲ့စည်းနိုင်ရန် ရခိုင်အမျိုးသားတော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများမှ တာဝန်ရှိသည့် အဖွဲ့အစည်းခေါင်းဆောင်များသည် ၂၀၁၂ခုနှစ် စက်တင်ဘာလ ၁၇ ရက်၊ အောက်တိုဘာလ ၉ ရက်၊ နိုဝင်ဘာလ ၈ ရက်နေ့များတွင် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကာ နိုဝင်ဘာလ ၂၈ရက်နေ့တွင်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူတချို့နှင့် ယာယီကော်မတီကိုဖွဲ့စည်းခဲ့ပြီး အကြိုလုပ်ငန်းစဉ်များကို လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။
ရခိုင်အမျိုးသားအလုပ်ရုံဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီဝင်များမှာ
အကြံပေးအဖွဲ့
(၁) ဒေါက်တာခင်မောင် (ANC)
(၂) စောမြရာဇာလင်း (RWU)
(၃) ဗိုလ်မှုကြီးထွန်းမြတ်နိုင် (ရက္ခိုင့်တပ်မတော်)
လုပ်ငန်းကော်မတီ
(၁) ဗိုလ်မှူးကျော်ဟန် (ရက္ခိုင့်တပ်မတော်)
(၂) ဦးညီညီလွင် (ANC)
(၃) ဦးဝင်းအောင် (Shwe Gas Movement)
(၄) စောစံငြိမ်းသူ (RWU)
(၅) စောနုနုခင် (RWU) တို့ဖြစ်ကြောင်း သိရှိရသည်။
from RSV
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)