ကျော်ဇံလှအား အမြန်ဆုံးဖမ်းမိနိုင်ရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့ မှာ အပြည့်အ၀တာဝန်ရှိ

မင်းပြားမြို့ နယ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုပေါင်းများစွာအားကြိုးကိုင်ဦးစီးခဲ့သူ စမ္ဘလေဘင်္ဂလီရွာမှ ဘင်္ဂလီအကြမ်းဖက်ခေါင်းဆောင် ကျော်ဇံလှအားအမြန်ဆုံးဖမ်းဆီးနိုင်ရေးမှာ စစ်တပ်နှင့် ရဲတပ်ဖွဲ့ တွင် အပြည့်အ၀တာဝန်ရှိကြောင်း မင်းပြားလူထု၏ပြောကြား၊ဝေဖန်သံများ ထွက်ပေါ်လာသည်။ထိုဘင်္ဂလီအကြမ်းဖက်ခေါင်းဆောင်ကျော်ဇံလှအား လွန်ခဲ့ သော လအနည်းငယ်ခန့် က ဖမ်းဆီးလိုက်ပြီဟု ကောလဟလများထွက်ပေါ်ပြန့် နှံသွားခဲ့ သော်လည်း ယခုအချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း စစ်တပ်မှ ဖမ်းဆီးရေးတာဝန်ကျ ဗိုလ်တစ်ဦး၏ပြောကြားချက်အရ သိရသည်။ထိုဘင်္ဂလီအကြမ်းဖက်ခေါင်းဆောင်ကျော်ဇံလှ သည် မင်းပြားမြို့ နယ်အတွင်း အကြမ်းဖက်မှုပေါင်းများအား ဦးစီးကြိုးကိုင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး လွန်ခဲ့ သောတနင်္ဂနွေနေ့ က မင်းပြားမြို့ ၊သေကန်ရွာမှ ရခိုင်တိုင်းရင်းသားဦးမောင်သိန်းနုအား တိုက်ခိုက်ခဲ့သောအမှုတွင်လည်း ကိုယ်တိုင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။ယခုအခါ ထိုကျော်ဇံလှအား စစ်တပ်ရော ရဲတပ်ဖွဲ့ ကပါ လိုက်လံရှာဖွေနေကြပြီဖြစ်သော်လည်း ထိုကျော်ဇံလှမှာ ယခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

SHARE THIS
Previous Post
Next Post