အမေရိကန်တွေ ဖြစ်ရပ်မှန်တွေကို လေ့လာနေပါပြီ

ဒီဇင်ဘာလ ၅ရက်နေ့ မန္တလေး မစိုးရိမ်ကျောင်းတိုက်တွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရှေ့အာရှ ညွှန်မှူး Mr. Ike Reedဦးဆောင်သော အဖွဲ့သည် လက်ပံတောင်းတောင် ကိစ္စအတွက် လာရောက်လေ့လာခဲ့သည်။ လက်ပံတောင်းတောင် အရေးကိစ္စနှင့်ပတ်သက်ပြီး ဆရာတော်ဦးဝီရသူ၊ ဦးကာဝိရ(ဂဠုန်နီဆရာတော်)၊ ဦးဝိသုတ (ဘ၀အလင်း)၊ ဦးသောဘိတ (ဘ၀အလင်း)၊မြ၀တီ ဆရာတော်တို့နှင့်တွေ့ဆုံကာ ယနေ့နေ့လည် ၁နာရီအချိန်တွင်ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ သပိတ်မှောက်သည့်အထဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သောမုံရွာမြို့ ၀က်မှေးကျေးရွာမှ မအေးနက်နှင့် မသွဲ့သွဲ့ဝင်းတို့လည်း ယင်းဆွေးနွေးပွဲတွင် ပါဝင်ကြောင်း သိရသည်။ from thit htoo lwin blog

SHARE THIS
Previous Post
Next Post