ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်စေတီတော် (မြေငူကျွန်း၊ ပေါက်တောမြို့နယ်၊ ရခိုင်ပြည်) ဘုရားသမိုင်း

ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်စေတီတော် (မြေငူကျွန်း၊ ပေါက်တောမြို့နယ်၊ ရခိုင်ပြည်) ဘုရားသမိုင်းမှာ- မဟာသက္ကရာဇ် ၁၂၃.ခုနှစ်တွင် ဓညဝတီပြည်ရှင် စန္ဒသူရိယမင်းမြတ်၏ မနောအဓိဋ္ဌာန်ဖြင့် ပင့်လျှောက်ချက်အရ ဗုဒ္ဓမြတ်စွာဘုရှားရှင်သည် ရက္ခပူရတိုင်း ရခိုင်ပြည်သို့ ကောင်းကင်ခရီးမှ ကြွလာတော်မူပြီး သီရိဂုတ်ကုန်းတော်တွင် ကိုယ်စားတော် မဟာမုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ခွင့်ပြုခဲ့ပါသည်၊ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဓညဝတီမှ မဇ္စိုမဒေသသို့အပြန် ကောင်းကင်ခရီးမှ ကြွချီလာခဲ့ရာ ဂစ္ဆပနဒီမြစ်အဆုံး သမုဒ္ဒရာပေါ်အရောက်တွင် ရေပြင်သည် လှိုင်းတံပိုးတို့ဖြင့် ဆူပွက်ခဲ့ပြီး အရပ်ရှစ်မျက်နှာလုံး လရောင်ဖြင့် လင်းလက်လာခဲ့သည်၊ ထိုအချင်းအရာကို နဂါးမင်း(၈)ဦးတို့ သိမြင်လေရာ မြတ်စွာဘုရားကြွချီလာကြောင်း တွေ့ချီ၍ ပင့်ဖိတ်လျက် ဆွမ်းဆက်ကပ်လှူဒါန်းကြလေသည်၊ မြတ်စွာဘုရားရှင်က နဂါးမင်းတို့အား ဆံတော်နှစ်ဆူကို ပေးသနားချီးမြှင့်ပြီး “ဤအရပ်ဒေသ၌ ဗုဒ္ဒသာသနာတော် အရှည်ထွန်းကား တည်တံ့လတ္တံ့” ဟုဗျာဒိတ်ပေးတော်မူကာ ဆက်လက်ခရီးကြွချီတော်မူခဲ့လေသည်၊ နဂါးအပေါင်းတို့သည် ဗုဒ္ဓ၏ဆံတော်မြတ်များကို ဌာပနာတော်မူလျက် စေတီတော်တစ်ဆူကို မြေငူကျွန်း နီလာပဗ္ဗတတောင်ထိပ်တွင် တည်ထားကိုးကွယ်ခဲ့ကြလေသည်၊ စန္ဒသူရိယမင်းသည် ဆံတော်ရှင်စေတီတော်အား လာရောက်ဖူးမြော်လေရာ နဂါးတို့တည်သော စေတီတော်မှာ လူတို့တည်သောစေတီနှင့် မတူသည်ဖြစ်၍ မူလစေတီကို ငုံပြီးလျှင် မိမိ၏ မကိုဋ်တော်နှင့်တူအောင် စေတီတော်ကို ပြန်လည်ပြုပြင်တည်ထားတော်မူခဲ့ပါသည်၊ ထို့ကြောင့် ဆံတော်ရှင်ဘုရားသမိုင်းလင်္ကာတွင် “လူနှင့်နဂါး၊ တည်တုံငြားသည်၊ ဘုရားဆံတော်ရှင်၊ မြတ်ရှင်ပင်” ဟုဖွဲ့နွဲ့စပ်ဆိုထားပါသည်၊ ထို့နောက် ရခိုင်မင်းအဆက်ဆက်တို့နှင့် ရခိုင်ပြည်သူ၊ ရခိုင်ပြည်သားအဆက်ဆက်တို့သည် ဆံတော်ရှင်စေတီတော်မြတ်ကြီးကို မွမ်းမံပြုပြင်ထိန်သိမ်းကိုးကွယ်လာခဲ့ကြပါသည်၊ င်္From ; Facebook

SHARE THIS