၂၀၁၂ ခုနှစ်ဒီဇင်ဘာလ(၁၈)ရက်နေ့မှာ
SSA (ယွက်ဆစ်)အဖွဲ့ဌာနချုပ်
လွယ်တိုင်းလျှံက ထွက်ပြေး
လွတ်မြောက်လာတဲ့ အဓမ္မလူသစ်
စုဆောင်းခံထားရသူ(၅၀)ကျော်ကို
တပ်မတော် စစ်ကြောင်းများက တွေ့ရှိပြီး သက်ဆိုင်ရာဒေသများသို့ ပြန်ပို့ ပေးဖို့ စီစဉ်နေတယ် လို့ သိရပါ တယ်။
SSA (ယွက်ဆစ်)အဖွဲ့ဟာ ပင်လုံ၊ မိုင်းကိုင်၊ ဟိုပုံး၊ လွိုင်လင်မြို့နယ် အတွင်းက ဒေသခံတွေ ကို နိုဝင်ဘာလအစပိုင်းထဲက လွှယ်တိုင်းလျှံ ဌာနချုပ်မှာ ကျင်းပမည့် ရှမ်းနှစ်သစ်ကူးပွဲတော် တက်ရောက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ရွာသား(၃၀၀)ကျော်ကို အတင်းဖမ်းဆီးခေါ်ဆောင် သွားပါ တယ်။
ပြန်လည်လွတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်အရ ပင်လုံ-လဲချား-မိုင်းကိုင်ကားလမ်း အရှေ့/အနောက်ခြမ်းမှ လွယ်တိုင်းလျှံရောက် တဲ့အထိ (၁၈)ရက်ခန့်ကြာအောင် သွားခဲ့ ရကြောင်းနဲ့ နေ့ဘက်တွေ မှာ အိပ်ခိုင်းထားပြီး ညဘက်ရောက်မှသာ ခရီးဆက်ရကြောင်း သိရပါတယ်။
“ကျွန်တော်တို့ လွယ်တိုင်းလျှံရောက်တော့ မိုးကာအပြာတွေနဲ့ မိုးထားတဲ့လူ(၁၀၀)လောက်ဆန့်တဲ့ တဲ(၇)လုံးတွေ့တယ်။ ကျွန်တော်တို့ကို အဲဒီတဲတွေမှာ နေခိုင်းပြီး အဖွဲ့(၂)ဖွဲ့ ခွဲထားတယ်။
တပ်ဖွဲ့ကို ဆံပင်ညှပ်ပေးပြီး ကျန်တစ်ဖွဲ့ကို ဒီအတိုင်း ထားတယ်။ ကျွန်တော်တို့ထက် အရင် ရောက်နေတဲ့ ရွာသားတွေလည်းတွေ့တယ်။ ကျွန်တော်တို့အဖွဲ့တွေကို စစ်သင်တန်းပေးပြီး SSA(ယွက်ဆစ်)အဖွဲ့မှာ စစ်သားလုပ်ရမယ်ဆိုတာသိလို့ အခုလိုထွက်ပြေးလာခဲ့တာပါ။
ကျွန်တော်တို့ ထွက်ပြေး တော့ SSA (ယွက်ဆစ်) အဖွဲ့တွေ က သေနတ်နဲ့ လိုက်ပစ်ကြတယ်။ ဒဏ်ရာရပြီး ပြန်မိသွားတဲ့သူတွေနဲ့ သေသွားတဲ့သူတွေ လည်းအများကြီးပဲ။ ကျွန်တော်တို့ တောင် ကံကောင်းလို့ လွတ်လာ ကြတာ ပါလို့” ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောပြပါတယ်။
လွယ်တိုင်းလျှံဌာနချုပ်နေရာအား Google မှ တွေ့မြင်ရပုံ
SSA (ယွက်ဆစ်)အဖွဲ့ဟာ နိုင်ငံတော်နဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီထားပြီး ဌာနချုပ်ကတော့ လွယ်တိုင်းလျှံမှာ ရှိပါတယ်။ ဘိန်းဘုရင်ခွန်ဆာနဲ့ အဖွဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေးယူသွားပြီးတဲ့နောက်မှာ ကျန်ရှိတဲ့ အဖွဲ့ငယ်လေးပါ။
အခုတော့ နယ်စပ်က လွယ်တိုင်းလျှံမှာ ဘိန်းစိုက်၊ မူးယစ်ဆေးဝါးထုတ်လုပ်ပြီး ဆက်ကြေးကောက်၊ အဓမ္မလူသစ်စုတောင်း ရာကနေ အင်အားအတော်ကို ကြီးမားနေပါပြီ။ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးပြီး လွယ်တိုင်းလျှံမှာ ဟန်ပြဖျက်ဆီးပေးခဲ့ သလို တစ်ဘက်ကလည်း လူသစ်စု၊ ဆက်ကြေးကောက်၊ ဘိန်းစိုက်နေတဲ့အဖွဲ့ပါ။
အခုတောင် ရှမ်းပြည်နယ်ရဲ့ အမြတ် တနိုးထားတဲ့ ရှမ်းနှစ်သစ်ကူးပွဲတော်ကို အကြောင်းပြပြီး အဓမ္မလူသစ်စုတဲ့ကိစ္စဟာ ဘယ်လိုမှ ငြင်းဆန်လို့ မရတော့ ပါဘူး။
ရှမ်းတိုင်းရင်းသားတွေကလည်း SSA (ယွက်ဆစ်)အဖွဲ့ကို ပိုပြီးရွံကြောက်ဖြစ်လာနေကြကြောင်း မိုင်းကိုင်မြို့နယ်မှ ဒေသခံ တစ်ဦးက ပြောပြသွားပါတယ်။
ရှမ်းသတင်းစဉ်
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
