ပင်လယ်ပြင်တွင် စင်္ကာပူ ရေကြောင်း
အဏာပိုင်မှ ကမ်းကပ်ခွင့် ငြင်းပယ်ခံ
ထားရသည့်မြန်မာပြည်မှ ဒုက္ခသည်များ
ဟု ယူဆရဖွယ်ရှိသည့် လူ ၄၀ ဦးအား
အင်္ဂါနေ့က မလေးရှား နိုင်ငံမှ လက်ခံထားလိုက်ပြီဖြစ်ကြောင်း သိရသည်။
အသက် ၁၆ နှစ်မှ ၄၀ နှစ်အတွင်းရှိ ၎င်းတို့အား တပါတ်ကျော်ကျော်က မြန်မာ့ပင်လယ်ပြင်တွင် ဗီယက်နမ် ကုန်တင် သင်္ဘောတစီးက တွေ့ရှိဆယ်ယူခဲ့ခြင်း ဖြစ်သည်ဟု The Wall Street Journal အင်တာနက် စာမျက်နှာတွင် ဖော်ပြ ပါရှိသည်။
ထို့နောက် စင်္ကာပူ နိုင်ငံက အဆိုပါကုန်တင်သင်္ဘောအား စင်္ကာပူ ပင်လယ်ရေကြောင်း သွားလာရေး အာဏာပိုင်အဖွဲ့ (MPA) က ခရီးသည်များနှင့်ပါတ်သက်သည့် အထောက်အထား အခိုင်အမာ မပြနိုင်ခြင်းကြောင့် ကမ်းကပ်ခွင့် ငြင်းဆို ထားခဲ့ခြင်း ဖြစ်သည်။
(မဇ္ဈိမ)။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
