ကန်ချဘူရီ ခရိုင်၊ ဘော်ဖွယ်မြို့နယ်
ကြံစိုက်ခင်း တစ်ခုတွင် ရောင်းစားခံခဲ့ရ
သည့် မြန်မာ အလုပ်သမား၎ဦးတို့အား
လူကုန်ကူးမှုတိုက်ဖျက်ေ ရး ပူးပေါင်း
အဖွဲ့တို့၊ ယမန်နေ့က ကယ်တင်နိုင်ခဲ့ေ ကြာင်း သိရှိရသည်။
ဘန်ကောက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေးအသင်း၊
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ BAT နှင့် ထိုင်းတောင် ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း FED တို့ ပူးပေါင်းကူညီ ခဲ့ကြခြင်းဖြစ်သည်။
ပြန်လည်လွတ်မြောက်လာသူများ ကိုအောင်ချင်း၊ မစုလှိုင်၊ ကိုရာဇာထွန်းနှင့်
ကုလား ဆိုသူတို့ ဖြစ်ကြသည်။
၎င်းတို့ ၄ဦးသည် ဘန်ကောက်မြို့ စမူပါကန် ပါနန်း အရပ်ရှိ ဂက်စ်အိုးအ
လုပ်ရုံတွင် လုပ်ကိုင်နေရာမှအလုပ်ဖြုတ်ခံရသဖြင့် အလုပ်လက်မဲ့ဖြစ်နေစဉ် ပွဲစား ကိုနိုင်ဆိုသူကအလုပ်ကောင်းသည့်ဘန်ကောက်မြို့ တစ်နေရာမှ
အလုပ်ရုံတစ်ခုသို့ပြောင်းပေးမည်ဖြစ်ကြောင်း လိမ်လည်ပြောဆိုပြီး ဘန်ကောက်မြို့
အနောက် ဘက် ၁၂၉ ကီလိုမီတာ အကွာတွင်ရှိသော ကန်ချနဘူရီ ခရိုင်၊
ဘော်ဘွယ်မြို့နယ် အတွင်းရှိ ကြံစိုက်ခင်း တစ်ခုတွင် တစ်ဦးလျှင် ဘတ် ၅၀၀၀ နုန်းဖြင့် ရောင်းချခဲ့ခြင်းဖြစ်ကြောင်း အကူညီ တောင်း ခံသူ ကိုအောင်
ချင်း၏ အစ်ကို ကိုကျော်မင်းဦး ကပြောသည်။
၎င်းတို့ ၄ဦး ကြံစိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး လက်ကိုင်ဖုန်း၊ ပတ်စပို့နှင့်
ငွေအချို့ တို့ကို အလုပ်ရှင် က သိမ်းဆည်းလိုက်မှ ရောင်းစားခံရသည်ကို
သိရှိခဲ့ကြရသည်။
လုပ်ငန်ရှင် လူယုံ တပည့် ကိုကရင် က အခြေအနေရှင်းပြပြီးနောက်
ထွက်ပြေးရန် ပြင်ဆင်ခဲ့ကြသည် ဟု ၎င်းတို့ ကပြောသည်။
ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထွက်ပြေးခဲ့ကြပြီး ကြံတင်သည့် ၁၀ ဘီကား
တစ်စီးအား အငှါး တက္ကစီကား ငှါးယူရရှိနိုင်မည့်နေရာသို့ ပို့ ပေးပါရန် အကူ
ညီတောင်းခံပြီး ကားပေါ်သို့ တက်လာခဲ့ကြသည်။
အဆိုပါ ၁၀ ဘီးကားမှာ အလုပ်သမားများ ထွက်ပြေးလာသည့် ကြံစိုက်
ခင်းဘက်သို့ ပြန်လည်မောင်းနှင်းသဖြင့် အလုပ်သမား ၄ဦးလုံး ကားပေါ်
မှာ ခုန်ချခဲ့ကြပါသည်။
အလုပ်သမား ၃ဦးတို့မှာ ပြောပလောက်သည့် ဒဏ်ရာများ မရရှိခဲ့သော်
လည်း ကိုအောင်ချင်းမှာမူတံတောင်၊ခါး၊ ဒူးခေါင်း၊ခြေထောက်တို့တွင် ပွန်းပဲ့ 
ဒဏ်ရာများ ရရှိသွားရုံသာမက နားအတွင်းမှ သွေးများပါ ထွက်ပြီး သတိ
လစ်သွားခဲ့သည်။
ထို့ကြောင့် ဆေးရုံတွင် အတွင်းလူနာအဖြစ် ၃ရက်တိုင်တိုင်ကုသနေ
ခဲ့ရ သည်။
ကိုကျော်မင်းဦး က “ ကျနော် မဟာချိုင်အင်ဂျီအိုတွေမှာ ဘော်လံဒီယာ
အတော်လုပ်ခဲ့ပါတယ်။ ကျနော်ညီတို့ ရောင်းစားခံရပြီး အခက်အ
ခဲကြုံနေရတယ်။
ကူညီကြပါလို့ မဟာချိုင်ကအလုပ်သမား အဖွဲ့တစ် ခုနဲ့ အင်ဂျီအို ၂ဖွဲ့ ကို
အကူညီတောင်း ခံခဲ့ပါတယ်။
သူတို့ မကူညီနိုင်ဘူးလို့ ပြောကြပါတယ်။ ဒါကြောင့် ကျနော်ဟာ MAT အဖွဲ့ 
ကို အကူညီတောင်းခံခဲ့ တာ ပါ။ တကယ်ထိထိရောက်ရောက်ကူညီပေးလို့လည်း
ခုလို့ လွတ်မြောက်လာကြတာပါ။ ကလေးတွေ ကိုယ်စား အထူးကျေးဇူး
တင်ပါတယ်” ဟုပြောသည်။
MAT အဖွဲ့ မဟာချိုင် တာဝန်ခံ ကိုခိုင်ကြီး က“ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ
ဒီအမှုကိစ္စကို ကျနော်တို့ အဖွဲ့ ခေါင်းဆောင်ဦးကျော်သောင်း က
ရေးပြီးတော့ သံရုံးကိုစာပို့တယ်။
ကျနော်က မြန်မာသံမှူး ဦးအောင် ကျော်လင်းနဲ့ အလုပ်သမားအရာရှိ
ဦးကျော်ကျော်လွင် တို့နဲ့ တွေ့ ဆုံတယ်။ သူတို့က မြန်မာ ပတ်စပို့ ထုတ်ပေးရေး
ရုံးက မြန်မာရဲအရာရှိ ဦးမောင်မောင်ဆို သူနဲ့ ဆက်သွယ်ပေးတယ်။
ပွဲစားကိုနိုင်နဲ့ကြံခင်းပိုင်ရှင်ရဲ့တပည့် ဖြစ်သူကိုကရင်ဆိုသူဘန်ကောက်မှာ
ပတ်စပို့လာလုပ်တာကိုကျနော်တို့က ရောင်းစားခံရသူတွေကို ရွေးမယ်ဆိုပြီး
တွေ့ ဆုံဖို့ချိန်းဆိုကြတယ်။ ကျနော်တို့  ကိုကရင်ကို ဖမ်းဆီးပြီးတော့ ဖေါ်
ထုတ်ခဲ့တယ်” ဟုပြောသည်။
၎င်းက ဆက်လက်၍ “ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့
UNIAP ,ထိုင်းအစိုးရ အထူးတပ်ဖွဲ့ DSIနဲ့ မဟာချိုင်က အဖွဲ့ ၃ခု ကို ကျနော် ကိုယ်တိုင်ဆက်သွယ်ခဲ့တယ်။ သူတို့ အကူညီမပေးကြဘူး။
လူကုန်ကူးခံရတာမဟုတ်ဘူးတဲ့၊ လူကုန်ကူးခံရသူတွေ ခေါ်လာပြီးအမှုဖွင့်ပါတဲ့၊
ဘန်ကောက်မဟာချိုင်နဲ့ ဝေးတယ်တဲ့။ အတော်စိတ်ပျက်ဖို့ကောင်းပါတယ်။
ကျနော်တို့လည်း ကယ်တင်လာခဲ့ရော့ မေးလိုက်ကြတာဗျာ လွတ်လာပြီလား၊
သူတို့ဘယ်မှာလဲတဲ့။
အတော် စိတ်ပျက်ဖို့ကောင်းပါတယ်” ဟုပြောသည်။ ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ယခုကယ်တင်မှုအပါအ၀င် ၂၀၁၂
ခုနှစ်အတွင်း လူကုန်ကူးခံရသူပေါင်း ၂၈၂ ဦးအား ကယ်တင်နိုင်ခဲ့ပြီး ဖြစ်ကြောင်း
MAT အဖွဲ့ မှတ်တမ်းအရ သိရှိရသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)

