ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်နေ
သည်ဟု ထုတ်လွှင့်နေသော အယ်ဂျာဇီးယား
သတင်းဌာနမှ Hidden Genocide ရုပ်သံ
အစီအစဉ်ကိ အချိန်ကုန်ခံချေပသွားမည်
မဟုတ်ကြောင်းနယ်စပ်ရေး
ရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောသည်။
''လူမျိုးတုံးသတ်ဖြတ်တယ် ဆိုတာကိုကိုယ့်ဦးနှောက် ဥာဏ်လေးနဲ့စဉ်းစားဖို့ပေါ့။ ၁
၉၈ဝ ခုနှစ်မှာ
အဲဒီလူမျိုးနှစ်သိန်းခွဲရှိတာ ကနေ ၂ဝ၁၂ ခု နှစ်ရောက်တော့ ၁ဝ သိန်း
ဖြစ်လာတယ်။ ရခိုင်လူမျိုးအားလုံးလည်း အကြမ်းဖက်တာ မ ဟုတ်သလို၊ဘင်္ဂါလီ
အားလုံးလည်းအကြမ်းဖက်တာ မဟုတ်ပါဘူး။ အုပ်စုနှစ်ခုကြားမှာ ဖြစ်တဲ့ကိစ္စပဲ
ဖြစ်ပါတယ်။
ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်နိုင်ငံရေးမျှော
်မှန်းချက်တွေရှိတာပဲ၊အကောင်အထည် ဖော်တဲ့ နေရာမှာ မီဒီယာနဲ့ရုပ်ပုံခြယ်လေ့
ရှိပါတယ်။ မိမိလိုချင်တဲ့ ပုံစံကိုထုတ်လွှင့်တာကို
မူတည်ပြီးချေပသင့်ရင်ချေပမယ်။ မချေပသင့်ရင် အချိန်ကုန်ခံချေပနေမှာ
မဟုတ်ပါဘူး''ဟုဝန်ကြီးက ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ တွေ့ဆုံရှင်း
လင်းပွဲတွင် ပြောကြားသည်။
ယင်းကဲ့သို့ သတင်းထုတ်လွှင့် ခြင်းသည်
တစ်ဖက်စောင်းနင်းဆန်နေသော ကိစ္စဖြစ်ကာ လိုအပ်ပါကတရားစွဲဆိုနိုင်သည့်အခြေအနေ
အထိရောက်ရှိသွားနိုင်ပြီးရခိုင် တိုင်းရင်းသားများတိုးတက်ရေးပါ တီအနေဖြင့်
အချက်အလက်များကို
အသေးစိတ်လေ့လာပြီးထုတ်ပြန်ချက်
တစ်ခုထုတ်သွားမည်ဖြစ်ကြောင်းယင်းပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်(အမျိုးသား
လွှတ်တော် ကိုယ်စားလှယ်)ကဒီဇင် ဘာလ၁၁ ရက်နေ့တွင်ပြောသည်။
''ရုတ်တရက်နားထောင်တဲ့ အခါဘင်္ဂါလီတွေကို
ရခိုင်တွေကမီးရှို့သလို၊သတ်သလို ဖြစ်သွား လိမ့်မယ်၊အဲလိုဖြစ်အောင်သူတို့က
ဖန်တီးသွား ကြတာ၊ ပြကွက်တော်တော်များများဟာ ဘင်္ဂလားဒေ့ရှ်မှာ ရိုက်ထား
တာဖြစ်ဖို့များတယ်။ အမျိုးသမီးတစ်ယောက်ဆိုသူကိုယ်တိုင်က
မုဒိမ်းကျင့်ခံရတယ်။ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောပြီးကာမှ ဘင်္ဂလားဒေ့ရှ်မှာ
ဆေးသွားကုတယ်။
အဲဒီအမျိုးသမီးက အခု
သေသွားပါပြီဆိုတာမျိုးတွေပေါ့။ အစအန ဖျောက်ပစ်တာမျိုးပေါ့ဗျာ။
လုပ်ကြံထားတယ်ဆိုတာကိုနားထောင်တဲ့ပရိသတ်ကလည်းသိ ပါတယ်။ ဒီဘက်ကအစိုးရကပဲ
မကောင်းသလိုလို ဒီကပါတီကပဲအနိုင်ကျင့်ပြီး ကာမှမောင်းထုတ်ပြီး
လူမျိုးတုံးသတ် ဖြတ်နေသလိုအစွန်းရောက်တဲ့အကြောင်း ပြော ချင်တာပေါ့။
အခြေအမြစ်မရှိဘဲ ပြောတာဆိုတာမျိုးတွေက လိုအပ် လို့ရှိရင် တရားစွဲတာတို့
ဘာတို့ဖြစ်ကောင်းဖြစ်လာနို င်တယ်''ဟု ၄င်းကဆိုသည်။
ထိုကိစ္စနှင့် ပတ်သက်၍မြန် မာအစိုးရအနေဖြင်
နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သတင်းထုတ် ပြန်ချက်တစ်ခုဒီဇင်ဘာ ၆ ရက်
နေ့ကထုတ်ပြန်ခဲ့ပြီးရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများနှင့် ရခိုင်
တိုင်းရင်းသားများအကြား အကြမ်း ဖက်မှုသည်စတင်ဖြစ်ပွားသည်
အချိန်မှစ၍ပွင့်လင်းမြင်သာမှုရှိစွာ ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း၊
ယင်း အကြမ်းဖက်သည့်နေရာများသို့ကုလသမဂ္ဂ
လက်အောက်ခံအဖွဲ့ များ၊အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊သံ
တမန်များ၊Muslim Aid အဖွဲ့တို့အပါအဝင် တူရကီ၊ အင်ဒိုနီးရှား၊မလေးရှားစသည့်
နိုင်ငံများနှင့်OIC (အစ္စလာမ္မစ်ပူးပေါင်းဆောင်
ရွက်ရေးအဖွဲ့)မှနိုင်ငံခြားရေး ဝန်ကြီးနှင့် အဆင့်မြင့် ကိုယ်စားလှယ်
များကိုသွားရောက်ခွင့်ပြုခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။
ထို့အပြင်အစိုးရအနေဖြင့်အကြမ်းဖက်မှုများ
အား ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက်ဥပဒေနှင့်အညီ
ထိန်းသိမ်းဆောင် ရွက်ခဲ့ပြီးအသေးစိတ်စုံစမ်း ဖော်
ထုတ်နိုင်ရန်လွတ်လပ်သည့်စုံစမ်း ရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီး
ဖြစ်ကြောင်းထုတ်ပြန်ချက် အရ သိရသည်။
''စုံစမ်းဖော်ထုတ်ဆဲဖြစ်တာ ကြောင့်
အထောက်အထားခိုင်လုံပြီးမှရှင်းလင်းပေးပါ့ မယ်''ဟု ရဲချုပ် ကျော်ကျော်ထွန်း
ကစာနယ်ဇင်းရှင်း လင်းပွဲတွင်ဝင်ေ ရာက်ပြောကြားသည်။
လက်ရှိအချိန်တွင်မြန်မာနိုင်ငံမှတပ်မတော်နှင့်
ရဲတပ်ဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်နေပြီး
မြို့နယ်တစ်ခုချင်းစီအလိုက်ဘင်္ဂါလီအဖွဲ့မှ
ကိုယ်စားလှယ်တစ်ဦး၊ရဲတပ်ဖွဲ့မှတစ်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က
စုစုပေါင်း၆ ဦးအဖွဲ့ဖြင့်စစ် ဆေးနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှ
င့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ပြောကြားသည်။
''ကျွန်တော်တို့ကတော့ကုလသမဂ္ဂညီလာခံမှာ
အစိုးရရဲ့ ကြေ ညာချက်နဲ့ ထပ်တူဖြစ်ကြောင်း ကြေညာထားတာရှိပါတယ်။
ကျွန်တော်တို့က ချက်ချင်းကြီးမထုတ်ပြန်တာကဖြစ်စဉ်နဲ့
ပတ်သက်လို့အသေးစိတ်လေ့လာဖို့ဘယ်လို အချက်အလက်တွေလဲ၊
ယုတ္တိရှိရဲ့လား၊သူတို့ကဘယ်လိုထောက်ပြ သွားသလဲ၊မှန်ရော မှန်ကန်ရဲ့လား၊
သူတို့မထုတ်လွှင့်ခင်ကတည်းကစောင့်ကြည့်ဖို့
အတွက်အစည်းအဝေးလုပ်ပြီး ပြောထားပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်းအ
သေးစိတ်လေ့လာပါ့မယ်။ အခုပြောတာနဲ့ တော့တူချင်မှတူတော့မှာ၊ပြကွက်တစ်ခုချင်း
တစ်ကွက်ချင်းပြန်ပြီးကြည့်သွားမှာပါ။
အားနည်းချက်အားသာချက်ပြန်ထောက်ပြဖို့
တော့ရှိပါတယ်။ ကြေညာချက်လေးတစ်ခု ထွက်ပါမယ်။ လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတာ
တော့ကျွန်တော်တို့လက်မခံပါဘူး။ သတ်ဖြတ် ရလောက်အောင်လည်းဒီဘက်က ဘာသာဝင်တွေက
မရိုင်းပါဘူး။ အတူတူနေဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တာပဲ။ နောက်ဆုံး
ကျရင်မြေပါယူသွားမယ့် သဘောကို လုပ်ကြံထားတာမျိုးပါ။
ဒါမျိုးလုပ်ကြံနေသမျှ
လိမ်ညာနေသမျှပြဿနာကိုပြန်ဆွသလို ဖြစ်လာတာပေါ့''ဟုဒေါက်တာအေးမောင်
ကထပ်လောင်းပြောသည်။ ယင်းရုပ်သံထုတ်လွှင့်မှုအတွက်ဒေါက်တာအေးမောင်အား
အင်တာဗျူးခဲ့သည့်သတင်းထောက် မှာလန်ဒန်သတင်းဌာနမှဟုအမည်ခံကာ
မေးမြန်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Credit to-အောင်ထက် (NYK)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
