စစ်တွေသံဃာများလည်းလက်ပံတောင်းအရေးကန့်ကွက် ဆန္ဒထုတ်ဖေါ်

ယနေ့ မွန်းလွဲတစ်နာရီခန့်တွင် စစ်တွေ
 သံဃာ (၄၂)ပါးသည် စစ်တွေမြို့ 
အတုလမာရဇိန်ပြည်လုံးချမ်းသာ 
ဘုရားကြီးတွင် စုရုံးဘုရားဝတ်ပြု

ဆုတောင်းကြပြီး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေးနှင့် ပတ်သက်၍ တောင်းဆိုချက်ငါးချက်ကို တောင်းဆိုလိုက်ကြသည်။


 ရခိုင်ပြည်နယ် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ (အရပ်အခေါ် ရဟန်းပျိုသမဂ္ဂ) လက်ပံတောင်းတောင်အရေးတွင် အကြမ်းဖက်ခံရသော လူများ ရဟန်းများ နှင့် ထပ်တူခံစားရကြောင်း၊ 

ယင်းအကြမ်းဖက်မှုကို ရခိုင်ရဟန်းပျိုများသမဂ္ဂက ကန့်ကွက်ရှုတ်ချကြောင်း၊ ဖမ်းဆီးခံ ပုဂ္ဂိုလ်များအား ချွင်းချက်မရှိ လွှတ်ပေးရန်၊ ပြည်သူ့ဆန္ဒမပါပဲ ပြုလုပ်နေသော စီမံကိန်းများကို ပြည်သူ့ဆန္ဒနှင့်အညီ ရပ်ပေးရန်၊ လက်ပံတောင်းတောင်၌ လိုအပ်သည်ထက် အင်အားသုံဖြိုခွင်းမှုတွင် တာဝန်ရှိသူများအား ဥပဒေအတိုင်း စီစစ်ဆောင်ရွက်ပေးရန် တို့ကို တောင်းဆိုခဲ့ကြသည်။ 


Coral Arakan News Agency

SHARE THIS
Previous Post
Next Post