ကျောက်တော်တွင် အသက် ၂၀ အရွယ် လူငယ် တစ်ဦး အသတ်ခံရပြန်ပြီ


ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် အသက် ၂၀ အရွယ် လူငယ်တစ်ဦး အသတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။
ဟုတ်တယ်။ အလောင်းကို ဒီကနေ့ မနက်ကရပါတယ်။ 
ရွာဟောင်းအနီးက ကာလီယာ ဘင်္ဂလီ တစ်ဦးရဲ့ လယ်ထဲက တလင်း အနီးမှာ ရပါတယ်။
 ဒါပေမယ့် ဘယ်သူ သတ်သလဲ ဆိုတာ မပြောနိုင်သေးဘူး။ ရဲက စစ်ဆေး နေပါတယ်။ 

ညနေပိုင်းလောက်မှ သိရမှာ ဖြစ်ပါတယ်” ဟု ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက နိရဉ္စရာသို့ ပြောသည်။ မောင်ရာဇာဆိုသော အသတ်ခံရသော လူငယ်သည် ရသေ့တောင်မှ အလည်ရောက်နေသူ အမျိုးသမီးငယ် တစ်ဦးအား ကျောက်တော်မြို့နယ် ပြည်တော်သာ ရပ်ကွက်သို့ ပို့ဆောင်ရန် ညနေ ၆ နာရီကျော်ကတည်းက အိမ်က ထွက်သွားခဲ့သည်ဟု သိရသည်။

 မနက်လင်းမှ သူ၏ အလောင်းအား အ၀တ်အစား တစ်စုံတစ်ရာမပါဘဲ ဒဏ်ရာများနှင့် သေဆုံးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။

 “ ကြားရတာက ဦးခေါင်းနောက်စေ့ ပွင့်ထွက်သွားပြီး ခန္ဓာကိုယ်မှာ ဓါးဒဏ်ရာတွေလည်း တွေ့ရတယ်လို့ ပြောတယ်။

 အဲဒီ အသတ်ခံရတဲ့ နေရာက လူစိုင်းပြတ်တဲ့ နေရာလည်း ဖြစ်နေတဲ့ အတွက် လူတွေကတော့ အမျိုးမျိုး ဝေဖန် ပြောဆိုမူတွေတော့ ထွက်နေပါတယ်။ 

အတိအကျ မသိဘဲ ခန့်မှန်း မပြောဆိုလိုပါ” ဟု ဦးစောငြိမ်းက ပြောသည်။ ယခုအခါ ရဲအဖွဲ့မှာ ရသေ့တောင်မှ အမျိုးသမီးငယ်နှင့် သူမ တည်းခိုရာ နေအိမ်မှ လူငယ် တစ်ဦးအား ရဲစခန်းသို့ ခေါ်ယူသွားပြီး စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။

 မောင်ရာဇာမှာ အိမ်ထောင်ရှိပြီး ရွှေမင်းဂံ ရပ်ကွက်တွင် စက်ဘီးပြင်ဆိုင် ဖွင့်ထားသည်ဟု သိရသည်။

နိရဉ္စရာသတင်းဌာန


 

SHARE THIS
Previous Post
Next Post