ရိုးမဘဏ်မှ မကြာခင် အသေးစားငွေထုတ်ချေးရန် ပြင်ဆင်နေ

ရိုးမဘဏ်မှအသေးစားစက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်သူတို့အတွက်ငွေထုတ်ချေးခြင်းလုပ်ငန်း ကိုဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှတာဝန်ရှိသူက ပြောကြားသည်။ ငွေလွှဲလုပ်ငန်းများဖြင့်သာရပ်တည်ခဲ့ရသော ရိုးမဘဏ်အနေဖြင့် မကြာ သေးခင်ကစုငွေ account ဖွင့်သည်ကို လက်ခံဆောင်ရွက်ခွင့် ရပြီဖြစ်ပြီးဘဏ်လုပ်ငန်းများကို အစိုးရသစ်လက်ထက် ရောက်သည့်အချိန်မှစတင်ကာ အပြည့်အဝလုပ်ခွင့်ရရေးကို ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူကပြောကြားသည်။်from myit ma kha အဆိုပါချေးငွေလုပ်ငန်းအတွက် ယခုလအတွင်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်ဆောင်ရွက်နေပြီး ယခုလကုန်ပိုင်းအတွင်း အပြီးသတ် ထုတ်ပြန်မည်ဖြစ်ကြောင်းသိရှိရသည်။ “အခု ဒီကိစ္စက ကျမတို့ ဘဏ်လုပ်ငန်း ပြန်လုပ်ကိုင်တာနဲ့ တစ်ပြိုင်နက်ပြည်သူတွေကို ၀န်ဆောင်မှုပေးတဲ့သဘောပါ။ အခုလောလောဆယ်တော့ ဒီကိစ္စက လက်တွေ့အကောင်အထည်မဖော်ရသေးပါဘူး။ လကုန်လောက်မှပဲ ဖြစ်မှာပါ။ ဒါပေမဲ့နှစ်ဖက်အဆင်ပြေအောင် အတိုးနှုန်း သက်သက်သာသာနဲ့ အဆင်ပြေအောင်လို့ဆောင်ရွက်ပေးမှာပါ” ဟု ရိုးမဘဏ်မှ မန်နေဂျာတစ်ဦးဖြစ်သူ မဖြိုးဝေကပြောသည်။ ရိုးမဘဏ်သည် လုပ်ငန်းအပြည့်အဝ လည်ပတ်နိုင်မည့် ဘဏ်လုပ်ငန်းလိုင်စင်ကို၂၀၁၂ ခုနှစ် သြဂုတ်လ (၂၃) ရက်နေ့တွင် တစ်ခါ ပြန်လည်ရရှိခဲ့ပြီးပြည်ထောင်စု အစိုးရနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က လာမည့် ၂၀၁၅ခုနှစ်တွင် Stock Exchange ကို တည်ထောင်မည်ဟု ကြေညာထားသည့်အတွက်ရိုးမဘဏ်အနေဖြင့် ယင်းကဏ္ဍတွင် ပါဝင်လာနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းကဆက်ပြောသည်။ ယခုနောက်ပိုင်း ဘဏ်များသည် အပြိုင်အဆိုင် ၀န်ဆောင်မှုများ ပေးလာကြပြီးရင်းနှီးမြှုပ်နှံမှုများလည်း ပြိုင်ဆိုင်လာကြသောကြောင့် လည်းကောင်း၊ထို့အပြင် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများလည်း ဘဏ်နှင့် ပတ်သက်၍စိတ်ဝင်စားမှု များပြားလာသောကြောင့် ဘဏ်များသည် ၄င်းတို့၏၀န်ဆောင်မှုများကို တိုးမြှင့်လာကြခြင်းဖြစ်ကြောင်း CB Bank (မင်္ဂလာဈေး)မှမန်နေဂျာဖြစ်သူတစ်ဦးက ပြောသည်။ ယခုအခါ မြန်မာတစ်နိုင်ငံလုံးတွင် ရိုးမဘဏ်ခွဲပေါင်း (၄၆)ခုရှိနေပြီဖြစ်ကြောင်း အဆိုပါဘဏ်၏ စာရင်းများ အရသိရသည်။

SHARE THIS
Previous Post
Next Post