ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မြောက်ဘက် နှစ်မိုင်ခန့်
အကွာတွင် ရှိသည့် ပန်းဈီးမြောင်းသို့ ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်၊ ဗုဒ္ဓဟူးနေ့ ညနေ (၅) နာရီခန့် အချိန်တွင် ဘင်္ဂလီများ မီးရှို့ရန် ဝင်ရောက်လာခဲ့ကြကြောင်း သိရသည်။
အဆိုပါကုလားများမှာ ယင်းသို့ မီးတိုက်ရန်လာကြခြင်းမှာ ပန်းဈီးမြောင်း တခွင်သည် ရခိုင်လူမျိုးများ လုပ်ကိုင်စားသောက် နေကြသည့် လယ်မြေ များ အများအပြားရှိပြီး ထိုလယ်ကွင်းများတွင် စပါးများ မှည့်နေပြီဖြစ် သဖြင့် စပါးခင်းများအား မီးရှို့ပစ်ရန် ဝင်ရောက်လာ ကြခြင်းဖြစ်ကြောင်း မြောက်ဦး မှ ဒေသခံတစ်ဦးက Arakan Review သို့ အတည်ပြု ပြောကြား သည်။
“ဒီမူဆလင်တွေ အခုလိုလာကြတာဟာ လယ်ကွင်းတွေကို မီးရှို့မလို့လာကြတာပါ။ အဲဒီပန်းဈီးမြောင်းတခွင်ဟာ ရခိုင်တွေ ပိုင်တဲ့ လယ်မြေတွေဆိုတော့ လာပြီး လုပ်ကြံတာပါပဲ။ လက်ထဲမှာလည်း မီးရှို့ဖို့အတွက် ဓာတ်ဆီပုလင်းတွေပါတယ်။ တုတ်ဓါးတွေနဲ့ လာကြတာ။ အနီးပတ်ဝန်းကျင်က လူတွေသိလိုက်တဲ့အတွက် ကာကွယ်နိုင်လိုက်ပါတယ်။ စပါးတွေကလည်း မှည့်ချိန်ဆိုတော့ မီးရှို့လိုက်ရင် အဲဒီတစ်ကွင်းလုံးက စပါးတစ်စေ့မှ ရမှာမဟုတ်ဘူး။ ကြိုတင်ကာကွယ်နိုင်လိုက်တဲ့အတွက် ကံကောင်းသွား တာပေါ့။” ဟု၎င်းဒေသခံကပြောသည်။
၎င်းအဖွဲ့တွင် မီးရှို့ရန်လာကြစဉ် မူဆလင်-ဘင်္ဂလီအယောက် (၃၀) လောက်ပါကြောင်းနှင့် ၄င်းတို့မှာ မြောက်ဦးမြို့ နယ် တောင်ပိုင်းမှ မူဆလင်များဖြစ်ကြပြီး ပန်းဈီးမြောင်းသို့ တောလမ်းမှ လာကြခြင်းဖြစ်သည်ဟု သတင်းရရှိုသည်။
ရခိုင်လူမျိုးများမှာ နိုင်ငံတွင်း တရားမဝင် ဝင်ရောက် နေထိုင်သူ ဘင်္ဂလီများ၏ လာရောက်ရန်ပြုမှုကို ကြောက်ရွံ့နေကြရပြီး လယ်များတွင် ညအိပ်မနေရဲကြဘဲ အခက်အခဲနှင့် ကြုံ တွေ့နေကြကြောင်းသိရသည်။
မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအုပ်စု သရက်အုပ်ကျေးရွာ အနီးရှိ ရခိုင်လူမျိုးများ စိုက်ပျိုးထားသည့် လယ်များမှ မှည်နေသော စပါးများကို နိုဝင်ဘာလအတွင်းက ဘင်္ဂလီများဝင်ရောက် ရိတ်သိမ်းယူပြီး မမှည့်သေးသောစပါးခင်းများကို ဖျက်ဆီးပစ်လိုက် ကြကြောင်း သိရသည်။
ရခိုင်လူမျိုးများမှာ ဘင်္ဂလီကုလားများ၏ တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာသော အကြံစဉ်များကို ခံစားနေကြရပြီး နေရေး ထိုင်ရေးနှင့် လုပ်ကိုင်စားသောက်ရေးများပါ အဆင်မပြေမှုနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ဒေသခံများကပြောသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)