ရခိုင်ပြည်နယ် ဒု-ပြည်နယ်ရဲမှူး အောင်ကျော်ဦးမှ မြောက်ဦးမြို့နယ်၊ ပန်းမြောင်း အရေးအခင်းတွင် ပါဝင်သူ ၁၄ ဦးကို ချက်ချင်းလာပို့ရန် ပန်းမြောင်း
ရဲစခန်းမှူးအား လွန်ခဲ့သောနှစ်ရက်က အတင်းအဓမ္မ အမိန့်ပေး ပြောဆိုလိုက်ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြောဆိုမှုကြောင့် မြောက်ဦးဒေသခံများမှာ အပြင်ကို မထွက်ရဲပဲ စိုးရိမ်ကြောင့်ကြနေကြပုံကို မြောက်ဦးမြို့ဒေသခံတစ်ဦးက " လွန်ခဲ့တဲ့နှစ်ရက်က ဒု - ပြည်နယ် ရဲမှူး အောင်ကျော်ဦးက ပန်းမြောင်း အရေးအခင်းမှာ ပါဝင်ပတ်သက်သူ ၁၄ ဦးကို အခုချက်ချင်း လာပို့ရမယ်ဆိုပြီးတော့ ရဲစခန်းမှူးကို ပြောပါတယ်။ ဒု-ပြည်နယ်ရဲမှူးက တစ်ကျော့ပြန် အရေးအခင်းမှာတုန်းကလည်း ပန်းမြောင်းနယ်က နာဂရာရွာ၊ သရက်အုပ်ရွာတွေ ကိုရောက်နေတာပါ။ အဲဒီလို အမိန့်ပေးတာကြောင့် ဒေသခံတွေက အပြင်ကိုမထွက်ရဲဘဲ အပြစ်မရှိအပြစ်ရှာက ဖမ်းသွားမှာကို စိုးရိမ်နေကြရပါတယ်။ ဒေသခံတွေက သူတို့ကို စစ်ဆေးမေးမြန်းပြီး ဖမ်းဆီးထားမယ်လို့ သံသယတွေ ရှိနေကြပါတယ်။ ဟို တစ်နေ့ကလည်း ငြိမ်းနိုင် ဆိုတဲ့ကောင်လေးတစ်ယောက်ကို ဖမ်းဆီးသွားပြီးတော့ စစ်တွေ အကျဉ်းထောင်ထဲမှာ အကျဉ်းချထားတယ်လို့ ကြားပါတယ်။" ဟု ပြောသည်။
အောက်တိုဘာလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့သော မြောက်ဦးမြို့နယ် ပန်းမြောင်းအရေးအခင်းတွင် ပါဝင်ခဲ့သူ (၅၂) ဦးကိုဖမ်းရန်အတွက် အာဏာပိုင်အဖွဲ့အစည်းများက စီစဉ်လျှက်ရှိနေကြောင်း သိရသည်။ အတည်မပြုနိုင်သေးသော သတင်းများအရ မြောက်ဦး ယိုင်သည်အရေးအခင်းတွင် ပါဝင်သည်ဟု သံသယရှိကာ ဖမ်းဆီးထား သူ (၃၀) ဦးကို စစ်တွေအမှတ် (၁) ရဲစခန်းတွင် အကျဉ်းချထားကြောင်း သိရသည်။ ၄င်းထဲမှ အဘ ဦးထွန်းစိန်ဖြူ၏သား မောင်ထွေးစိန် အသက် (၂၅)နှစ်၊ ကျောင်းတောင်ရွာသည် ကျန်းမာရေးချို့တဲ့လာသောကြောင့် စစ်တွေဆေးရုံကို တင်ထားရကြောင်း သိရသည်။
်from RSV
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)