ရခိုင်ကမ်းရိုးတန်းဒေသအတွင်း ဥကပ်ပါ ကဏန်း အရွယ်အစားများကို စည်းကမ်းမဲ့ဖမ်းဆီးမှုများ မပြုရန် ကဏန်းမဖမ်းဆီးရဇုန်များ သတ်မှတ်ထားသော်လည်း ၎င်းရေပြင်တွင် ကဏန်းဖမ်းဆီးနေဆဲဖြစ်ကြောင်း သိရသည်။
ပြည်ပသို့
တင်ပို့နေသည့် ရေထွက်ကုန်ပစ္စည်း ဈေးကွက်တွင် ဒုတိယအများဆုံးတင်ပို့နေရသော
ကဏန်းပို့ကုန်များကို တိုးမြင့်ထုတ်လုပ်တင်ပို့နိုင်ရေးနှင့်
ကဏန်းမျိုးပွားနှုန်းတိုးလာစေရန်အတွက် မြို့နယ်ဒေသ အလိုက် သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီး ဌာနမှ
ကဏန်းမဖမ်းဆီးရ ရေပြင်ဧရိယာဇုန်နယ်မြေများ ကို ၂၀၁၀ ခုနှစ်ကတည်းသတ်မှတ်
ထားခြင်းဖြစ်သည်။
သို့သော် ရေလုပ်ငန်းလုပ်ကိုင်နေသည့် အချို့ လုပ်ငန်းပိုင်ရှင်များမှ သတ်မှတ်ထားသည့် ဇုန်အတွင်း ကဏန်းဖမ်းဆီးနေခြင်းဖြစ်သည်။
“အရွယ်အစားမညီ ဈေးကွက်မဝင်တဲ့ ကဏန်းတွေကို မဖမ်းဖို့တားမြစ်ထားတာတွေရှိတယ်။ ဒါပေမယ့် ဖမ်းဆီးမှု တွေလဲရှိနေဆဲပါ။ ဂရန် (၁၀၀) အောက်ရှိတဲ့ ကဏန်းတွေဟာ ဈေးကွက်မဝင်ဆိုပေမယ့် ဒေသစားသုံးမှုဈေး ကွက်တွေမှာတော့ တွေ့ရတယ် ဆိုတော့ ကဏန်းမျိုးတုန်းလာတယ်လေ။" ဟု ငါးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ကဏန်း ဈေးကွက်အတွင်း ဥကပ်ပါ ကဏန်းနှင့် အရွယ်အစား သေးငယ်သည့် ကဏန်းများကို ရောင်းချခြင်းသည် ကဏန်းမျိုးတုန်းလာမည့် အနေအထားရှိနေကြောင်း သိရသည်။
လက်ရှိ ကဏန်းဈေးကွက်တွင် ဂရန် (၁၀၀) အထက် ကဏန်းတစ်ကောင်လျှင် အရွယ်အစားအလိုက်
ကျပ်ငွေ (၇ဝ) မှ (၂၅၀) ကျပ် ထိရှိဈေးနှုန်းရှိသည်။
ကျပ်ငွေ (၇ဝ) မှ (၂၅၀) ကျပ် ထိရှိဈေးနှုန်းရှိသည်။
ရခိုင်ပြည်နယ်ရှိ
ကမ်းရိုးတန်းများမှ ကဏန်းများအား တရုတ်ပြည်သို့ အဓိက တင်ပို့နေကာ ထိုသို့
တင်ပို့နေရသည့်အတွက် ကဏန်းဖမ်းဆီးသူများပြားလာကြောင်း သိရသည်။
ရခိုင်ကမ်းရိုးတန်းဒေသအတွင်း ကဏန်းမဖမ်းရဇုန်နယ်မြေအဖြစ် ဧက(၁၁၄၈.၄၈) ဧက သတ်မှတ်ထား ပြီး စစ်တွေမြို့နယ်တွင် (၁၆)ဧက ၊ တောင်ကုတ်မြို့တွင်(၅၃၇)ဧက၊ အမ်းမြို့နယ်တွင် (၃၇.၅၀) ဧက ရမ်းဗြဲမြို့နယ် တွင် (၃.၂၅)
ဧက၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၅၄.၇၃)ဧက နှင့် မြေပုံမြို့တွင် (၅၀၀)ဧက စသည်တို့ကို သတ်မှတ်ထားခြင်းဖြစ်သည်။
ဧက၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၅၄.၇၃)ဧက နှင့် မြေပုံမြို့တွင် (၅၀၀)ဧက စသည်တို့ကို သတ်မှတ်ထားခြင်းဖြစ်သည်။
ကဏန်းများ ဖမ်းဆီးရရှိမှု ရှားပါးလာသော်လည်း မွေးမြူထုတ်လုပ်မှုနည်းပညာ
အကူအညီ မရှိသည့်အတွက် ရခိုင်ပြည်နယ်တွင် ကဏန်းမွေးမြူးရေး လုပ်ငန်းမရှိသေးပေ။
ရခိုင်ပြည်နယ်၏ ပြည်ပပို့ကုန်ဖြစ်သော ကဏန်းဈေးကွက်မှာ တရုတ်ဈေးကွက်နှင့် ဘင်္ဂလားဒေရှ့်ဈေးကွက် ဖြစ်သည်။ ပြီးခဲ့သည့် နှစ်နှစ်ခန့်မှ စပြီး ရခိုင်ပြည်နယ် ကဏန်းဈေးကွက်နှင့် ဈေးနှုန်းအနေအထားအရ တရုတ်ဈေးကွက်တစ်ခုတည်းကိုသာ တင်ပို့မှု ပမာဏ များပြားလာကြောင်း ကဏန်းပို့ကုန်လုပ်ငန်းများ၏ အဆိုအရ သိရသည်။
ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့်လည်း ကဏန်းရှာပါးမှု မဖြစ်စေရန်အတွက် ရာသီချိန်အလိုက် ကဏန်းသားပေါက်များကို သတ်မှတ်ထားသည့် ကဏန်းဘေးမဲ့ဇုန်များအတွင့်း  လွှတ်ထည့်ပေးခြင်းများကို အစဉ်တစိုက် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
by Myit Makha Mediagroup on 12 Dec, 2012