မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ ချုပ်မှ လည်း ယနေ့  ဒီဇင်ဘာလ ၁၂ ရက် မန်း ဆန္ဒ ထုတ်ဖော် မှုတွင် ပါဝင်

ယနေ့ နေလည် ၁ နာရီ အချိန်ခန့် 
တွင် သောင်းဂဏန်းခန့် ရှိသော
သံဃာတော် များက လက်ပံတောင်း

 အရေး အတွက် ဆန္ဒထုတ်ဖော်
ခဲ့ပြီး ဗမာနိုင်နိုင်ငံလုံးဆိုင်ရာ

 
 ကျောင်းသားသမဂ္ဂ အဖွဲ့ မှ ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့လှုပ်ရှားမှု
ဦးဆောင် ကော်မတီကို ၁၀ ရက် ၁၂ လ ၂၀၁၂ တွင် ဖွဲ့ စည်းခဲ့ပြီး လက်ပံတောင်း
တောင် အရေးအတွက် အချက် ၃ ချက်တောင်းဆိုခဲ့သည်။ အဆိုပါ အချက် ၃ ချက်မှာ

( ၁ ) နိုင်ငံတော် သမ္မတနှင့် အစိုးရ အဖွဲ့ က ထိခိုက်ဒဏ်ရာ ရခဲ့ကြသူများနှင့်
သံဃာထုတစ်ရပ်လုံးကို ၀န်ချတောင်းပန်ရန်။

( ၂) အကြမ်းဖက် ဖြိုခွင်းမှုတွင် တာဝန်ရှိသောသူများကို ဖော်ထုတ် အရေးယူပေးရန်

( ၃ ) ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန်

စသည့် အချက်သုံးချက် ကိုတောင်းဆိုခဲ့ပြီး ၁၂ ရက် ၁၂ လ ၂၀၁၂ ရက်နေ့ နေ့ လည် ၁၂ နာရီတွင်နောက်ဆုံးထားပြီး လိုက်လျောပေးရန် တောင်းဆိုခဲ့သော်လည်း လိုက်လျောခြင်း
မရှိသဖြင့် ယခုကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။



SHARE THIS
Previous Post
Next Post