အမေရိကန်အစိုးရက ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် ဒေါ်လာ ငါးသန်း ၀န်းကျင်ကူညီ

အမေရိကန်အစိုးရက ကချင်ပြည်နယ်ရှိ စစ်ပြေးဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ငါးသန်းဝန်းကျင် တန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့ကြောင်းရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ယနေ့သတင်းထုတ်ပြန်သည်။ စစ်ပြေးဒုက္ခသည်များအတွက် အစားအစာ၊ ရေနှင့်သန့်ရှင်းမှု၊ ယာယီခိုလှုံရန် အဆောက်အဦနှင့် ကန့်များ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမရရှိရန် နှစ်သိမ့်ဆွေးနွေးပေးမည့် ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ ပေးအပ်ရန် စသည်တို့အတွက် အမေရိကန်ဒေါ်လာ ငါးသန်းဝန်းကျင် တန်ဖိုးရှိ အကူအညီများ ပေးအပ်ခဲ့ကြောင်း ကြေညာထားသည်။ အဆိုပါ အကူအညီများကို WFP, UNHCR, UNICEF စသည်တို့မှ တစ်ဆင့်ကူညီခဲ့ကြောင်းကြေညာချက်တွင် ဖော်ပြထားသည်။ (7 Day)

SHARE THIS