ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် အနီးပတ်ဝန်းကျင်မှ ဘင်္ဂလားပင်လယ်ပြင်တွင် တနိုင်ငါးဖမ်းလုပ် ငန်းဖြင့် အသက်မွေးဝမ်း ကျောင်းနေကြသည့် တံငါသည်များမှာ ပင်လယ်ပြင်တွင် ဘင်္ဂလီ ကုလားများ နေရာယူနေကြသဖြင့် ငါးဖမ်းရန် မထွက်ဝံ့ကြဘဲ အခက်အခဲနှင့် ကြုံတွေ့နေ ကြကြောင်း သတင်းရရှိသည်။အဆိုပါငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်နေကြသူ အများစုမှာ ဆင်းရဲသူ အခြေခံလူတန်းစား ထဲမှဖြစ်ကြပြီး ယင်းသို့မိမိတို့၏ လက်ရင်း လုပ်ငန်းများ ဖြစ်သည့် ရေလုပ်ငန်း(ငါးဖမ်းလုပ်ငန်း) လုပ်ကိုင်ရန်အခက်အခဲ ဖြစ်နေကြသဖြင့် ၄င်းလုပ်ငန်းကို လုပ်ကိုင် အသက်မွေးကြသူ အများစုတို့မှာ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့ နေကြရပြီး တခြားလုပ်ငန်းများကို လုပ်ကိုင်စားသောက်ရန်အတွက် တချို့မိသားစုများမှာ ငွေကြေးအခက်အခဲရှိနေကြကြောင်း သတင်းရရှိသည်။
“အခုကျွန်တော်တို့ ပိုက်သည်တွေဟာ ငါးမရှာနိုင်ကြပါဘူး။ ဘာအတွက်လည်းဆိုတော့ ပင်လယ်ပြင်မှာ အကုန်လုံး ကုလား တွေချည်းပဲ နေရာယူထားကြတော့ သူတို့နဲ့ ညအချိန်တွေမှာ အတူအလုပ်လုပ်နေဖို့က အသက်အန္တရယ်ကို စိုးရိမ်ရတယ်။ ပြီးတော့ ပင်လယ်ပြင်မှာ ရခိုင်တွေက နည်းတယ်။ နောက်ပြီး ပိုက်ချတယ်ဆိုတာက လှေတစ်စီးနဲ့တစ်စီးဟာ အဝေးကြီးမှာ နေကြတာဆိုတော့ သူတို့လာပြီး လုပ်ကြံသွားရင်လည်း ဘယ်သူမှသိမှာ မဟုတ်ပါဘူး။ ပင်လယ်ထဲမှာဆိုတာက အော်လို့လည်း ကြားနိုင်တာ မဟုတ်ဘူးလေ။ ဒါနဲ့ ရခိုင်တွေ ငါးဖမ်းဖို့မသွားဝံ့ ဖြစ်နေကြပါတယ်။ မိသားစု စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရပါတယ်။” ဟု ပိုက်သည်တစ်ဦးက Arakan Review သို့ ပြောသည်။
မိသားစု စားဝတ်နေရေး အခက်အခဲကြောင့် တချို့မှာ ပင်လယ်ပြင်သို့ ထွက်ပြီး အသက်စွန့်ကာ ငါးရှာဖွေသူများရှိသော်လည်း အများစုမှာ အလုပ်လက်မဲ့ ဖြစ်နေ ကြကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခစတင် ဖြစ်ပွားချိန်မှစ၍ ၄င်းတိုမှာ လုပ်ငန်းများကို ရပ်တန့်နေခဲ့ရဖြင်းဖြစ်ပြီး ငါးဖမ်းလုပ်ငန်းအပြင် တခြားစီးပွားရေး လုပ်ငန်းများမှာလည်း အခက်အခဲများရှိနေသည့်အတွက် ရခိုင်ပြည်သူများမှာ စီးပွားရေး အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေကြရကာ ဆိုဝါးသည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
ရခိုင်ပြည်တွင်းသို့ ဘင်္ဂလီကုလားများ ယခုအချိန်ထိ အခိုက်သင့်သလို ခိုးဝင်နေမှုများ ရှိနေကြောင်းကို ဒေသခံတစ်ဦးက “ကုလားတွေက ပြဿနာဖြစ်ပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်ထဲကို ခိုးဝင်နေတာတွေ ရှိနေပါသေးတယ်။ အခုက ပင်လယ်ပြင်မှာ ကုလားတွေပဲ ရှိနေတာဆိုတော့ ခိုးဝင်တဲ့သူတွေကို ခန့်မှန်းလို့မရဖြစ်နေတယ်။ အဲဒီအခြေနေတွေကြောင့် ရခိုင်တွေ ပင်လယ်ထဲကို မထွက်ဝံ့ဖြစ်နေကြတာပါ။ ဘယ်ကလာတဲ့ သူမှန်းမသိတော့ သတ်ပစ်မှာကိုလည်း စိုးရိမ်နေရပါတယ်။ ပြည်နယ် အစိုးရအနေနဲ့ နယ်စပ်ဖြတ်ကျော်မှုကို တိတိကျကျ စောင့်ရှောက်ဖို့လိုပါတယ်။ ” ဟုစစ်တွေမြို့ခံတစ်ဦးကပြောကြားသွားသည်။
from facebook
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)