ဘင်္ဂါလီလက်မှ လွတ်လာသော ကဏန်းထောင်သူနှစ်ဦး ပေါက်တော ဆေးရုံတွင် ကုသမှုခံယူလျက်ရှိ

By Phoe Htaung ပေါက်တော ၊ ၂၆ ဒီဇင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ သတင်း ] ယနေ့မွန်းလွဲပိုင်းတွင် ဘင်္ဂါလီများ တိုက်ခိုက်ဖမ်းဆီးခြင်းကို ခံရသူ ပေါက်တောမြို့နယ် စိုင်းတုတ်ရွာသား ကဏန်းမျှားသူနှစ်ဦးကို အချိန်မီ ကယ်တင်နိုင်ခဲ့ပြီး ပေါက်တောမြို့ ပြည်သူဆေးရုံကြီးတွင် ဆေးကုသမှု ခံယူကြလျက်ရှိကြသည်။ ယနေ့မွန်းတည့်လောက်က စိုင်းတုတ်ရွာသား ရခိုင်လူမျိုး တင်အောင်မြင့် (၂၅-နှစ်) နှင့် ကျော်သန်းစိုး (၂၄-နှစ်) တို့ သပြာကျွန်းအနီး ကဏန်းပုံးထောင်နေကြစဉ် ကုလားများက လာရောက်ဖမ်းဆီးသွားကြသည်ကို ရခိုင်စက်လှေများက လှမ်းမြင်လိုက်သောကြောင့် သရက်ချောင်းရွာသားများ၊ စိုင်းတုတ်ရွာသားများနှင့် ပြည်သူ့ရဲများ လိုက်လံကယ်ဆယ်သည့်အတွက် အသက်မသေပဲ လွတ်မြောက်လာခြင်းဖြစ်သည်။ ၄င်းတို့နှစ်ဦးအား ဖမ်းသွားသည်ကို အဝေးမှစက်လှေများလှမ်းမြင်သွားသည် မမြင်သည်ကို မသေချာသဖြင့် သတ်ရန် မသတ်ရန် ဝေခွဲမရ ဖြစ်နေကြစဉ် သစ်ပင်တို့တွင် ချည်နှောင်ထားခဲ့ကြသည်ဟု ဆိုသည်။ (ဖိုးထောင် က Coral Arakan အတွက် ရေးသားသည်။)

SHARE THIS
Previous Post
Next Post