အထောက်အထားမဲ့လုပ်သား နှစ်သန်းခန့်ကို ယာယီမြန်မာနိုင်
ငံ
ကူးလက်မှတ်များ ဆက်လက်ထုတ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး Stateless
ဖြစ်နေသည့် ကလေးများကို မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ
ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က
ပြောကြားခဲ့သည်။ “အထောက်အထားမဲ့ သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်
သမား ၁ ဒသမ ၂ သန်းကျော်ကို ယာယီမြန်မာနိုင်ငံကူးလက်မှတ်တွေ
ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ
ကျန်ရှိနေသေးတဲ့ လုပ်သားနှစ်သန်းခန့်ကိုလည်း ဆက်လက်ထုတ် ပေးနိုင်ဖို့
သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေဟာ Stateless
ဖြစ်နေတဲ့အတွက် အဲဒီကလေးတွေကိုလည်း မြန်မာနိုင်ငံ သားဖြစ်ကြောင်း
အထောက်အထား ထုတ်ပေးဖို့နဲ့ ကလေးတွေ ပညာသင်နိုင်ဖို့ကိစ္စတွေကို
အကူအညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက
ဆက်လက်ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့
တရားဝင်စေလွှတ်ခဲ့သည့် အလုပ်သမားပေါင်း ၄၀၀၀၀ ကျော်ရှိပြီး
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ လုပ်သား ၁၀၁၀၀၀ ကျော်ကို
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ပြီး ကျန်ရှိနေသည့် အထောက်
အထားမဲ့လုပ်သား တစ်သိန်းခန့်ကို ဆက်လက်ထုတ်ပေးနိုင်ရန် ဆောင်ရွက်နေသည်။
“အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့နဲ့ အခက်အခဲတွေ
ဖြေရှင်းပေးနိုင်ဖို့ ထိုင်း၊ ကိုရီးယားနဲ့ မလေးရှားနိုင်ငံတွေမှာ
အလုပ်သမား သံအရာရှိတွေ ခန့်ထားပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်
ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ပြည်ပမှာ သွားရောက်လုပ်ကိုင်နေတဲ့
အလုပ်သမားတွေကို ကူညီစောင့်ရှောက်နိုင်ဖို့အတွက်
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအသင်းကိုလည်း
ဖွဲ့စည်းဆောင်ရွက် နေပြီ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက
ပြောကြားခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမားကိစ္စများကို
IOM နှင့်ပူးပေါင်းဆောင်ရွက်နေပြီး ပြည်ပရောက်အလုပ်သမားများ၏
အခွင့်အရေးများကို ကာကွယ် နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ ၂၀၁၁ ခုနှစ်
ဒီဇင်ဘာလမှ စ၍ ပြည်ပနိုင်ငံများသို့ မြန်မာအမျိုးသမီး အလုပ်သမားများကို
စေလွှတ်ခဲ့ပြီး အလုပ်သမားအများဆုံး သွားရောက်လုပ်ကိုင်သည့် နိုင်ငံများမှာ
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နိုင်ငံနှင့်
အရှေ့အလယ်ပိုင်းနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိကြောင်း
သိရပါသည်။ Eleven Media Group
အထောက်အထားမဲ့လုပ်သား
နှစ်သန်းခန့်ကို ယာယီမြန်မာနိုင်ငံ ကူးလက်မှတ်များ ဆက်လက် ထုတ်ပေးနိုင် ရန်
ဆောင်ရွက်သွားမည်ဖြစ်ပြီး Stateless ဖြစ်နေသည့် ကလေးများကို
မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ ထုတ်ပေးနိုင်ရန်
ဆောင်ရွက်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားခဲ့သည်။
“အထောက်အထားမဲ့ သွားရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၁ ဒသမ ၂ သန်းကျော်ကို ယာယီမြန်မာနိုင်ငံကူးလက်မှတ်တွေ
ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာ
ကျန်ရှိနေသေးတဲ့ လုပ်သားနှစ်သန်းခန့်ကိုလည်း ဆက်လက်ထုတ်ပေးနိုင်ဖို့
သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။
ထိုင်းနိုင်ငံမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေဟာ Stateless
ဖြစ်နေတဲ့အတွက် အဲဒီကလေးတွေကိုလည်း မြန်မာနိုင်ငံသားဖြစ်ကြောင်း
အထောက်အထား ထုတ်ပေးဖို့နဲ့ ကလေးတွေ ပညာသင်နိုင်ဖို့ကိစ္စတွေကို
အကူအညီပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက
ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံသို့ တရားဝင်စေလွှတ်ခဲ့သည့် အလုပ်သမားပေါင်း ၄၀၀၀၀ ကျော်ရှိပြီး မလေးရှားနိုင်ငံတွင်ရောက်ရှိနေသည့်
အထောက်အထားမဲ့ လုပ်သား ၁၀၁၀၀၀ ကျော်ကိုမြန်မာနိုင်ငံ ကူးလက်မှတ်
ထုတ်ပေးခဲ့ပြီး ကျန်ရှိနေသည့် အထောက်အထားမဲ့လုပ်သား တစ်သိန်းခန့်ကို
ဆက်လက်ထုတ်ပေးနိုင်ရန်ဆောင်ရွက်နေသည်။
“အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့နဲ့ အခက်အခဲတွေဖြေရှင်းပေးနိုင်ဖို့ ထိုင်း၊ ကိုရီးယားနဲ့ မလေးရှားနိုင်ငံတွေမှာ အလုပ်သမား သံအရာရှိတွေ ခန့်ထားပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို ကာကွယ်
ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ပြည်ပမှာ သွားရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကို ကူညီစောင့်ရှောက်နိုင်ဖို့အတွက်
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအသင်းကိုလည်း
ဖွဲ့စည်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
ရွှေ့ပြောင်းအလုပ်သမားကိစ္စများကို IOM နှင့်ပူးပေါင်းဆောင်ရွက်နေပြီးပြည်ပရောက်အလုပ်သမားများ၏
အခွင့်အရေးများကို ကာကွယ်နိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း၊ ၂၀၁၁ ခုနှစ်
ဒီဇင်ဘာလမှစ ၍ ပြည်ပနိုင်ငံများသို့ မြန်မာအမျိုးသမီး အလုပ်သမားများကို
စေလွှတ်ခဲ့ပြီး အလုပ်သမားအများဆုံး သွားရောက်လုပ်ကိုင်သည့် နိုင်ငံများမှာ
ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နိုင်ငံနှင့် အရှေ့
အလယ်ပိုင်းနိုင်ငံများ အပါအ၀င် နိုင်ငံပေါင်း ၁၅ နိုင်ငံရှိကြောင်း
သိရပါသည်။
Eleven Media Group
SHARE THIS