မင်းပြားမြို့နယ် အ၀ကျေးရွာမှ ရွာသား ၁၀ ဦးရဲသားများခေါ်ယူထိန်းသိမ်းခြင်း ခံနေရ

မင်းပြားမြို့နယ် အ၀ကျေးရွာမှ ရွာသား ၁၀ ဦးရဲသားများခေါ်ယူထိန်းသိမ်းခြင်း ခံနေရသည်ဟု သိရသည်။ထိုသို့ထိန်းသိမ်းခြင်းနှင့်ပတ်သက်ပြီး မည်သည့်အကြောင်းနှင့်ဖမ်းဆီးရသည် ကို မသိရှိသေးကြောင်း၊ ဖြစ်နိုင်ခြေရှိသည်မှာ ထိုမတိုင်ခင်ရက်များက ၃၇၉ တပ်ရင်းမှ လယ်မြေသီးစားခများကိုကောက်ခံရန်ရောက်ရှိကြောင်းနှင့် မပေး သဖြင့် တရပ်ရင်းမှ ခေါ်ယူတွေ့ဆုံခဲ့ရာတွင် မသွားရောက်ခဲ့သူများကို သာ ဖမ်း ဆီးသွားခြင်းဖြစ်သဖြင့် သီးစားခကိစ္စနှင့်ပတ်သက်မှုများရှိနိုင်ကြောင်း လည်းရွာသားများက ပြောပါသည်။ သီးစားခအတွက်လည်း ယခုနှစ်တွင် ပေးစရာမလိုကြောင်း အစိုးရမှ ယခုနှစ်တွင် တရားဝင်စာထုတ်ပြန်ထားပြီးဖြစ်ရာ ရွာသားများမပေးကြခြင်းဖြစ် သည် ဟုသိရသည်။ သို့သော်လည်း ရဲများဖမ်းဆီးသွားသူ လူ ၁၀ ဦးမှာ မည်သည့် အတွက် ကြောင့် ဖမ်းဆီးသည်ကို မသိရှိရသေးကြောင်းနှင့် ပြတ်လွှတ်ပေးခြင်းမရှိ သေး ကြောင်း သိရသည်။ From : RSV

SHARE THIS
Previous Post
Next Post