၂၀၁၂ခုနှစ်တွင်
စစ်တွေနှင့် တောင်ကုတ်မြို့နယ်တို့မှာ အမှုဖြစ်ပွားမှု
အများဆုံးဖြစ်သည့်မြို့နယ် များဖြစ်ကြောင်း ဒီဇင်ဘာလ (၁၀)ရက်နေ့
ပထမအကြိမ်ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးလှမောင်တင် က ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဆောင်ရွက်နေမှုများကို
ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီးချုပ်ဦးလှ မောင်တင်က
မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်
မိမိတို့အစိုးရအဖွဲ့လက်ထက်တွင် အမှုကြီးဖြစ်သည့် လူသတ်မှု၊ နေအိမ်မီးရှို့မှု၊
မုဒိန်းမှု စသည့် အမှု (၃၂၃) မှုဖြစ်ပွားခဲ့ရာ တရားစွဲတင်ပြီး (၂၆၆) မှု၊
ပိတ်သိမ်း (၃)မှုရှိပြီး အမှုပေါင်း (၅၄) မှုမှာ ဆောင်ရွက်ဆဲဖြစ်ကြောင်း
သိရသည်။
အခြားအမှုများမှာ (၃၀၄၅) မှု ဖြစ်ပွားခဲ့ပြီး၊ တရားစွဲတင်ထားသည့်
အမှု (၂၆၈၀)၊ ပိတ်သိမ်းမှု (၇၅) မှု နှင့် ဆောင်ရွက်ဆဲ (၂၉၀) မှု
ကျန်ရှိနေသေးကြောင်း သိရသည်။
ကြိုတင်ကာကွယ်မှု အနေဖြင့် (၄၈၃၈) မှု၊ တရားစွဲတင်ပြီး (၄၈၂၆)မှု၊ ပိတ်သိမ်းမှု (၇) မှု၊ ဆောင်ရွက်ဆဲအမှု ( ၅) မှု ရှိသည်ဟု သိရသည်။
“ဖြစ်ပွားမှုအများဆုံးဖြစ်တဲ့ စစ်တွေခရိုင်မှာ အမှုကြီး ၁၄၄မှု၊ အခြားအမှု
(၁၅၀၇) မှုဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်မှုအနေဖြင့်လည်း (၁၄၆၅) မှု
ဆောင်ရွက်ခဲ့ပါတယ်။ အမှုကြီးအများဆုံးဖြစ်ပွားမှုမြို့ 
နယ်ဖြစ်သော တောင်ကုတ်မြို့နယ်တွင် (၃၅)မှု ဖြစ်ပွားခဲ့ပြီး
အခြားအမှုများအနေဖြင့် စစ်တွေမြို့နယ်တွင် (၄၂၅) မှု၊ ကြိုတင်ကာကွယ်မှု (၇၇၀)
မှုဖြင့် အများဆုံးဆောင်ရွက်ခဲ့ရတဲ့ မြို့နယ်များဖြစ်ပါတယ်”
ဟုပြောကြားခဲ့သည်။
ထို့ပြင် လောင်းကစားမှုဖြင့် တရားခံ
(၁၄၅)ဦးနှင့် မူးယစ်ဆေးဝါးတွင်လည်း WY ဆေးပြား၊ ဆေးခြောက်၊ မော်ဖိန်း၊
အမ်ပီဒရစ် အမှုပေါင်း (၅၃)မှု ဖမ်းဆီးရမိခဲ့ကြောင်း တရားခံကျား (၅၇)ဦး၊ မ
(၂၉) တို့အား အရေးယူဆောင်ရွက်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။
အစိုးရဌာနဆိုင်ရာများတွင်လည်း လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင်း
“လာဘ်ပေးလာဘ်ယူမှုကြောင့် အရာရှိ (၂) ဦး၊ အခြား (၁၂) ဦးအား ထောင်ကျ ၊
ထုတ်ပယ်ခဲ့ရပြီး ရဲစည်းကမ်းအရ အရာရှိနှစ်ဦး ၊ အခြားအဆင့် (၄၄) ဦးကို
အရေးယူဆောင် ရွက်ခဲ့ရပါတယ်” ဟု ဝန်ကြီးချုပ်ဦးလှမောင်တင်က ပြည်နယ်လွှတ်တော်
ပဉ္စမပုံမှန်ပထမနေ့တွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။
ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေး
ပထမနေ့တွင် ရခိုင်ပြည်နယ် လွှတ်တော် ဥပဒေရေးရာ အကြံပေးအဖွဲ့အား ဖွဲ့စည်းရန်
နှင့် ရခိုင်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့များ ဥပဒေမူကြမ်းကို
ဆွေးနွေးခဲ့ကြသည်။
ပြည်နယ်လွှတ်တော်အစည်းဝေးကို နံနက် ၁၀နာရီတွင်စတင်ခဲ့ပြီးညနေ ၃း ၁၀ မိနစ်တွင်ပြီးဆုံးခဲ့သည်။
်from RSV
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်
အခြားအမှုများမှာ (၃၀၄၅) မှု ဖြစ်ပွားခဲ့ပြီး၊ တရားစွဲတင်ထားသည့် အမှု (၂၆၈၀)၊ ပိတ်သိမ်းမှု (၇၅) မှု နှင့် ဆောင်ရွက်ဆဲ (၂၉၀) မှု ကျန်ရှိနေသေးကြောင်း သိရသည်။
ကြိုတင်ကာကွယ်မှု အနေဖြင့် (၄၈၃၈) မှု၊ တရားစွဲတင်ပြီး (၄၈၂၆)မှု၊ ပိတ်သိမ်းမှု (၇) မှု၊ ဆောင်ရွက်ဆဲအမှု ( ၅) မှု ရှိသည်ဟု သိရသည်။
“ဖြစ်ပွားမှုအများဆုံးဖြစ်တဲ့ စစ်တွေခရိုင်မှာ အမှုကြီး ၁၄၄မှု၊ အခြားအမှု (၁၅၀၇) မှုဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်မှုအနေဖြင့်လည်း (၁၄၆၅) မှု ဆောင်ရွက်ခဲ့ပါတယ်။ အမှုကြီးအများဆုံးဖြစ်ပွားမှုမြို
ထို့ပြင် လောင်းကစားမှုဖြင့် တရားခံ (၁၄၅)ဦးနှင့် မူးယစ်ဆေးဝါးတွင်လည်း WY ဆေးပြား၊ ဆေးခြောက်၊ မော်ဖိန်း၊ အမ်ပီဒရစ် အမှုပေါင်း (၅၃)မှု ဖမ်းဆီးရမိခဲ့ကြောင်း တရားခံကျား (၅၇)ဦး၊ မ (၂၉) တို့အား အရေးယူဆောင်ရွက်ခဲ့ရကြောင်း ပြောဆိုခဲ့သည်။
အစိုးရဌာနဆိုင်ရာများတွင်လည်း လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင်
ပြည်နယ်လွှတ်တော်ပုံမှန်အစည်းအဝေ
ပြည်နယ်လွှတ်တော်အစည်းဝေးကို နံနက် ၁၀နာရီတွင်စတင်ခဲ့ပြီးညနေ ၃း ၁၀ မိနစ်တွင်ပြီးဆုံးခဲ့သည်။
SHARE THIS
