လက်ပံတောင်းတောင်ကြေးနီစီမံကိန်း
အရေးကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်
ငံရှေ့နေများကွန်ယက် အဖွဲ့ဝင်များမှ
ဒေသခံပြည်သူများ ကိုယ်စားတရား
စွဲဆိုမည့် အမှု(၂)ခုအတွက် အမေရိကန်နိုင်ငံ ဥပဒေပညာရှင် ရော်ဂျာနော်မန်က အခမဲ့အမှုလိုက်ပေးမည်ဖြစ်သည်။
အဆိုပါ
ကိစ္စနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ ဥပဒေပညာရှင်က ဒီဇင်ဘာလ ဒုတိယပတ်တွင်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသသို့ သွားရောက်လေ့လာခဲ့ပြီး
ဒေသခံကိုယ်စား တရားစွဲဆိုမည့် ရှေ့နေ(၁၀)ဦးနှင့်လည်း
ဆွေးနွေးတိုင်ပင်ခဲ့သည်ဟု သိရသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအရေးကိစ္စနှင့်ပတ်သက်၍
မြန်မာနိုင်ငံရှေ့နေများကွန်ယက် အဖွဲ့ဝင်များက ဒေသခံပြည်သူ
များကိုယ်စားလာမည့် ၂၀၁၃ခုနှစ် နှစ်ဆန်းပိုင်းတွင် နေပြည်တော်ရှိ
ပြည်ထောင်စုလွှတ်တော်တရားရုံးချုပ်တွင် အမှု(၂)ခု ဖွင့်ရန်
စီစဉ်နေခြင်းဖြစ်သည်။
အဆိုပါ ရှေ့နေ(၁၀)ဦးမှာ လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းရှိ သပိတ်စခန်းအား အကြမ်းဖက် ဖြိုခွင်းခဲ့သည့်
အာဏာပိုင်များနှင့် ၀မ်ပေါင်ကုမ္ပဏီထံမှ ဒေသခံတို့အတွက် လျော်ကြေးငွေရရှိရန်
တရားစွဲဆိုသွားမည်ဟု သိရသည်။
“ကျွန်တော်တို့က ဒေသခံတွေအတွက်
တရားစွဲပေးမှာပါ။ အကြောင်းကတော့ သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့
အာဏာပိုင်တွေကို တရားစွဲမယ် ၊ ၀မ်ပေါင်ကုမ္ပဏီကနေ လျော်ကြေး ငွေပေးဖို့အတွက်
တရားစွဲမယ် အဲ့ဒီနှစ်ချက်ပါ” ဟု အဆိုပါ ရှေ့နေကွန်ယက်တွင် ပါဝင်သူ
တစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ရောဘတ်ဆန်းအောင်က ပြောသည်။
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းရှိ သပိတ်စခန်းအား မီးလောင်ဗုံးဖြင့်
ဖြိုခွင်းခဲ့ခြင်းကြောင့် ရဟန်း၊ သံဃာများ ထိခိုက်ဒဏ်ရာရရှိကာ ပြည်ပသို့
ဆေးကုသရသည်အထိ ဖြစ်ပေါ်ရခြင်းကြောင့် ဖြစ်သည်ဟု ၄င်းက ဆက်ပြောဆိုသည်။
“
မီးလောင်ဗုံးနဲ့ပစ်တယ်မပစ်ဘူးဆိုတာ စုံစမ်းစစ်ဆေးရေးကော်မရှင်က
စုံစမ်းဦးမှာ ဖြစ်တယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ မီးလောင်ဗုံးနဲ့မပစ်ရင်
အခုလို သံဃာတွေရဲ့ အရေပြားကို လောင်စေမှာ မဟုတ် ဘူး။ အဲ့ဒီလို သက်သေတွေနဲ့
တရားစွဲမှာ၊ နောက်တစ်ခုက လယ်ယာမြေပျက်စီဆုံးရှုံးတာတို့ ကုမ္ပဏီ ကနေ
စွန့်ပစ်တဲ့ အဆိပ်ရည်တွေကြောင့် ကလေးငယ်တွေ နာမကျန်းဖြစ်ရတာ မွေးလာတဲ့ကလေး
တွေက ကိုယ်လက်အင်္ဂါ မပြည့်စုံတာမျိုးတွေ ဖြစ်လာတယ်၊ အဲ့ဒါတွေအတွက်
လျော်ကြေးတောင်းဖို့ အမှုဖွင့်မှာပါ” ဟု တရားလွှတ်တော်ရှေ့နေ
ရောဘက်ဆန်းအောင်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် အခက်အခဲနှင့်
ရင်ဆိုင်နေရသည့်ဒေသခံများ အတွက် ဒေသခံများကိုယ်စားရှေ့နေများမှ
အမှုဖွင့်တိုင်ကြားပေးခြင်းကို ဒေသခံများက ကျေးဇူးတင်ကြောင်း
ဒေသခံတစ်ဦးဖြစ်သည့်မသွဲ့သွဲ့ဝင်းက ဆိုသည်။
“နှစ်၆၀ စီမံကိန်း
ရပ်ဆိုင်းဖို့အတွက်နဲ့ ပွင့်လင်းမြင်သာမှုရှိလာစေဖို့အတွက် အခုလို အမှုဖွင့်
ပေးတာကို ကျေးဇူးတင်ပါတယ် ထောက်လဲထောက်ခံပါတယ်။ ဒါက လုပ်သင့်လုပ်
ထိုက်ပါတယ်။” ဟု ကြေးနီစီမံကိန်းရပ်စဲရေးအတွက်
ဦးဆောင်လှုပ်ရှားခဲ့သည့်ဒေသခံမသွဲ့သွဲ့ဝင်းက ပြောသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့်
ဝက်မှေးကျေးရွာမှဒေသခံများအား ၂မိုင်ခန့်ဝေးသည့် နေရာသို့ ပြောင်းရွှေ့စေ
ခိုင်းခြင်းများ ၊ ၀မ်ပေါင်ကုမ္ပဏီအနေဖြင့် လယ်ယာမြေများ
ပျက်စီးဆုံးရှုံးခြင်း အတွက် ၃နှစ်သီးနှံ လျော်ကြေးအဖြစ် ၅သိန်း ၃သောင်းသာ
ပေးခြင်း ၊ စီမံကိန်း၏ စွန့်ပစ်ပစ္စည်းများ ကို
လယ်ယာမြေထဲသို့လွှတ်ပစ်ခြင်းများနှင့် ကြုံတွေ့နေရကြရသည်ဟု ၄င်းက
ဆက်ပြောသည်။
အဆိုပါ ကိစ္စရပ်များကြောင့် ရန်ကုန်မြို့တွင်
နိုဝင်ဘာလမှစ၍ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်လာရာ သက်ဆိုင်ရာအာဏာပိုင်များမှ
ဒဏ်ရာရ သံဃာများကိုဝန်ချတောင်းပန်ခဲ့ခြင်းကြောင့် ဒီဇင်ဘာ ဒုတိယ အပတ်က
စီမံကိန်းအရေးကိစ္စဆန္ဒပြထုတ်ဖော်မှုမှာ ရပ်ဆိုင်းခဲ့ရသည်။
လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် မှာ
ဥက္ကဌအနေဖြင့် ပါဝင်ကာ စုံစမ်းဖော်ထုတ်မည်ဆိုသည့်အတွက် ဆန္ဒပြခြင်းကို
ရပ်ဆိုင်းထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ဆုံးဖြတ်ချက်ကို လက်ခံရန်စောင့်မျှော်
လျက်ရှိသည်ကိုလည်း သိရသည်။
မြစ်မခမီဒီယာ
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)