ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အဖွဲ့အမည် အတိအကျ မသိသည့် ကရင်သောင်းကျန်းသူများ က ကားတစ်စီးလျှင် ၅ သိန်းနှုန်းဖြင့် ကားအစီး ၂၀၀ အတွက် သိန်းတစ်ထောင် ပေးရန် လာရောက်တောင်းရမ်းခဲ့ပြီး မပေးနိုင်သဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ကျိုက်ထီးရိုးသို့ ရောက်ရှိနေသူ တစ်ဦးမှ ပြောခဲ့သည်။ဖစ်စဉ်မှာ ကျိုက်ထီးရိုး ဂေါပက အဖွဲ့မှ ကားများကို ရင်ပြင်တော်အထိ မောင်းနှင်ခွင့် ပြုခဲ့ကြောင်း၊ ရသေ့ တောင်မှ ဈေးရောင်းချသူများမှ ၄င်းတို့နေရာသို့ ဘုရားဖူးများ အလာနည်းသဖြင့် မကျေနပ်ကြရာမှ အစပြုခဲ့သည်ဟု အနီးပတ်ဝန်းကျင် ဈေးဆိုင်များမှ ပြောပြခဲ့သည်။ ယခင်က ကင်ပွန်းစခန်းမှ ကြူကြူဝင်း ယိုစုံ ဆိုင်မှ ပိုင်ဆိုင်သည့် ယာဉ်တစ်စီးအား အဆိုပါ ကရင်အဖွဲ့မှ တောထဲသို့ ခေါ်သွားပြီး ကားကို ချိပ်ပိတ်မည် ( ကားမီးရှို့၊လူသတ် ဖျောက်ဖျက်ခြင်း) ဟု ခြိမ်းခြောက်ခဲ့ဖူးသည်ဟု ဆိုင်လုပ်သား တစ်ဦးမှ ပြောခဲ့သည်။အဆိုပါ ကရင်သောင်းကျန်းသူများမှ ဒီဇင်ဘာ ၁၉ တွင် ပေးရန် ပြောခဲ့သော်လည်း မပေးနိုင်သဖြင့် ကင်ပွန်း စခန်းမှ ၁၀ မိနစ် စခန်းတွင် ပစ်ခတ်မှုများ ပြုလုပ်လျှက် ရှိကြောင်း၊ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးရန် ပြောသဖြင့် ယာဉ်ပိုင်ရှင်များ ငွေကြေးစုဆောင်းမှုများ ပြုလုပ်နေရကြောင်း၊ အဆိုပါ သောင်းကျန်းသူ အဖွဲ့မှာ ထိုနေရာမှ ဆိုင်ကယ်ဖြင့် မိနစ် ၂၀ သွားလျှင် ရောက်နိုင်သည့် နေရာတွင် ရှိနေကြောင်း သတင်းရရှိသည်eainmatnanntaw.com
from facebook
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
