ရသေ့တောင်မြို့ နယ် ပေါင်းစားကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၀ (A) နှင့် ၁၈၀ (B) အတွင်းရှိ ပုဇွန်ကန်လယ် မြေ ကိစ္စနှင့်ပတ်သက်၍ ရသေ့တောင်မြို့ နယ် တရားရုံး၌ ၂၀၁၂-ခုနှစ် ပြစ်မှုနံပါတ် (၇၀) ဖြင့်လည်းကောင်း၊ ၂၀၁၂ -ခုနှစ် ပြစ်မှုနံပါတ် (၇၄)ဖြင့်လည်းကောင်း ရသေ့တောင်မြို့ မှ စီးပွားရေးလုပ်ငန်းရှင် ဦးစောအောင်သိန်း ၏တပည့်များနှင့် ကျေးရွာသားတို့ မှာ အပြန်အလှန် တရားစွဲဆိုထားကြောင်း သိရှိရသည်။
အထက်ပါလယ်မြေ ပုဇွန်ကန်လယ်မြေကိစ္စနှင့် ပတ်သက်၍လည်း စီးပွားရေးလုပ်ငန်းရှင် ဦးစောအောင်သိန်းက ၂၀၁၂ ခုနှစ် ပြစ်မှု နံပါတ် (၃၂)ဖြင့် ဒေသခံရွာသား (၂၅)ဦးအား အဆိုပါ ပုဇွန်ကန်လယ်မြေကိစ္စနှင့်စပ်လျဉ်း၍ ရသေ့တောင်မြို့  တရားရုံး၌ပင် တရားစွဲဆိုထားပြီး ၄င်းလယ်မြေကိစ္စနှင့်ပင် နောက်ထပ် ဒေသခံရွာသား (၁၉) ဦးအားလည်း ရဲစခန်း၌ တိုင်ချက်ရေးအမှုဖွင့်ထားသောကြောင့် ရသေ့တောင်မြို့  မြို့ မရ
ဲစခန်းက အကြိမ်ကြိမ် ခေါ်ယူလေ့ရှိကြောင်း သိရှိရသည်။
၎င်းနည်းတူ ရသေ့တောင်မြို့ နယ် မယူမြစ်တဖက်ကူးပြီး ရသေ့တောင်မြို့ တရားရုံးသို့  အဆိုပါဒေသခံ (၂၅)ဦး မှာလည်း အခေါက်ခေါက်အခါခါ ရုံးချိန်းတိုင်း လာရောက်နေသောကြောင့်လည်း အလုပ်အကိုင်ပျက်ကြသည့်အ ပြင် ငွေကုန်းကြေးကျလည်းဖြစ်နေရသည်ဟု သိရှိရသည်။ တကြိမ်လျှင် ငွေကြေးအားဖြင့် ခရီးစရိတ် တစ်သိန်း ခန့် ကုန်ကျသည်ဟု ဒေသခံများက ဆိုသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ `လယ်မြေကို သက်ဆိုင်ရာဌာနနှင့် အစိုးရအဖွဲ့ က နပခသိမ်းပိုက်သောမြေနှင့် ရွာသားပိုင်မြေကို သတ်သတ်မှတ်မှတ်နှင့် တိတိကျကျ မခွဲပေးနိုင်ရင် ဤပြဿနာ အမြဲတမ်းပေါ်ပေါက်နေမှာ ဖြစ်သည်´ ဟု တရားစွဲခံထားရသူ ဒေသခံတဦးကဆိုသည်။
နောက်ထပ် `စစ်တပ် နပခမှ သိမ်းပိုက်တဲ့မြေတွေ ဘယ်နားမှာလဲ၊ ကျွန်တော်တို့  ရွာသားတွေ လက်ထဲမှာ အထောက်အထားနဲ့ ရှိတဲ့ မြေကတော့ ဘယ်နားမှာလဲ၊ မသေခင်တော့ သိချင်ပါသေးတယ်။ ကိုယ့်မြေဟာ ဘယ်နားမှာလဲ မသိရဘဲနဲ့  အမှုဖြစ်နေတုန်း သေဆုံးသွားတဲ့ ကျေးရွာသားတဦးလည်း ရှိခဲ့လို့ ပါ´ ဟု ထပ်ပြီး တရားစွဲခံထားရသူ ဒေသခံ ကျေးရွာသားတဦးက ဆိုသည်။
ရသေ့တောင်မြို့  ချောင်းဝရပ်ကွက်တွင် နေထိုင်သော စီးပွားရေးလုပ်ငန်းရှင် ဦးစောအောင်သိန်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ ၁၉၉၀ လွန် နှစ်ပိုင်းများကတည်း မတရားသိမ်းပိုက်ထားသော ပုဇွန် ကန်လယ်မြေများကို လုပ်ပိုင်ခွင့် ရရှိထားသည်ဟု သိရှိရသည်။ ယင်းကိစ္စတွင် နပခမှ မည်မျှအထိပိုင်သည် ဓါးဦးမြေချ လုပ်ကိုင်စားသောက်နေသော ဒေသခံကျေးရွာသားများက မည်မျှပိုင်သည်ဟု အဖြေမပေါ်နိုင်ဘဲ ကျေးရွာ သားများမှာ အမှုရင်ဆိုင်နေကြခြင်းဖြစ်သည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)