၂၀၁၃ ဒဂုံရွှေအောင်လံ အကြိုဗိုလ်လုပ
ွဲစဉ်တွင် တွေ့မရှောင်က အီရန်မှ မာဆွတ်အား အလဲထိုး အနိုင်ရ
၂၀၁၃ ဒဂုံရွှေအောင်လံ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အမျိုးသား အားကစားပြိုင်ပွဲရုံ (၁)၊ သုဝဏ္ဏတွင် စတင်ကျင်းပရာ တတိယတန်း ဒဂုံရွှေအောင်လံ ကွာတားဖိုင်နယ်ပွဲစဉ် လေးပွဲ၊ ဒုတိယတန်း ဒဂုံရွှေအောင်လံ ကွာတားဖိုင်နယ် လေးပွဲနှင့် ပထမတန်း ဒဂုံရွှေအောင်လံ အကြိုဗိုလ်လုပွဲစဉ် တစ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
တတိယတန်း ဒဂုံရွှေအောင်လံ ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ကညောဖိုးက စောထူးဇော်ကို အလဲထိုးအနိုင်ရပြီး ရဲမြင့်အောင်က မိုးသီးကို လည်းကောင်း၊ နိုင်ဝင်းက ကျော်ကြားကို လည်းကောင်း၊ ဒုတိယတန်း ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ထူးထူးက ကျန်စစ်အောင်ကို လည်းကောင်း၊ လုံးချောလေးက ဒေါင်းသည်းခြေကို လည်းကောင်း၊ ဖိုးသားကြီးက ထက်အောင်ဦးကို လည်းကောင်း၊ သပြေညိုက ကညောထူးကို လည်းကောင်း အနိုင်ရရှိသွားသည်။ ပထမတန်း ဒဂုံရွှေအောင်လံ အကြိုဗိုလ်လုပွဲစဉ်တွင် တွေ့မရှောင်က အီရန်မှ မာဆွတ်ကို ဒုတိယအချီတွင် အလဲထိုး အနိုင်ရရှိခဲ့သည်။ တွေ့မရှောင်အနေဖြင့် ပထမအချီမှစ၍ လက်ရည်အသာစီးဖြင့် ယှဉ်ပြိုင်နိုင်ခဲ့ပြီး အီရန်လက်ဝှေ့သမား မာဆွတ်မှာ ထိထိရောက်ရောက် တုန့်ပြန်နိုင်မှု မရှိခဲ့သည်ကို တွေ့ရသည်။ ဒုတိယအချီ (၁) မိနစ်တွင် မာဆွတ် အမှတ်စဉ်ရေတွက်ခံခဲ့ရပြီး ဒုတိယအချီ ၁ မိနစ် ၄၅ စက္ကန့်၌ တွေ့မရှောင်၏ ၀ိုက်လက်သီး တွဲလုံးများကြောင့် အလဲထိုးခံရပြီး အရှုံးပေးခဲ့ရခြင်းဖြစ်သည်။
17 December 2012
Eleven Media Group
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
