ငြိမ်ချမ်းရေးကို ဖျက်ဆီးပြီး တိုက်ပွဲများဆက်လက် ထိုးစစ်ဆင်ပါက တပ်ပေါင်းစုမှ ပါဝင်စစ်ကူတော့မည်

တစ်ဖက်မှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ ဖိတ်ခေါ်တယ်။ တစ်ဖက် မှာ လိုင်ဇာကို သိမ်းဖို့ စစ်ဆင်တယ်။ လူကြီးလူကောင်းမဆန်တဲ့အစိုးရ။ လက်နက်ကြီး၊ လက်နက်ငယ်၊ လက်နက်ပုန်းတွေ ထုတ်သုံးပြီး တိုက်ခဲ့ပေမဲ့ ကချင်တွေကို မဖြိုနိုင်ခဲ့ဘူး။ အင်အားချင်းမမျှပေမဲ့ ကချင်မျိုးချစ်ရဲဘော်များဟာ မျိုးချစ်စိတ်ဓာတ်ကို ရင်ဝယ်ကတုတ်လုပ်ပြီး ခုခံခဲ့ကြလို့ အစိုးရတပ်က မထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်တယ်။ ကေအိုင်အေအနေနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ပိုင်းမှာပဲ ခုခံစစ်ကို ကစားနေတာပါ။ တပြည်လုံးကို ဖြန့်ပြီး မကစားရသေးပါဘူး။ စစ်တပ်ပိုင်အကျိုးစီးပွားများကို ဖောက်ခွဲဖျက်ဆီးမှုတွေ ဘာမှ မလုပ်ရသေးပါဘူး။ ဦးပိုင်လုပ်ငန်းများကိုလည်း အနှောင့်အယှက်မပြုရသေးပါဘူး။ အစိုးရတပ်ညစ်ပတ်သလိုသာ ကချင်က ညစ်ပတ်ခဲ့ရင် တပြည်လုံးမှာ စစ်မီးကူးဆက်နေပါပြီ။ ပြောက်ကြားစစ်ဆိုတာ ဆယ်ယောက်နဲ့တစ်ယောက် တိုက်လည်း ကြောက်စရာမှမဟုတ်တာပဲ။ ( by Ven Ravika )

SHARE THIS
Previous Post
Next Post