မြို့တော်ဝန်သေဆုံးသွားတဲ့ပါကစ္စတန်နောက်မြောက်ဒေသအသေခံ ဗုံးပေါက်ကွဲမှု





ယမန်နေ့ ၂၂ ရက်နေ့က ပါကစ္စတန်
အနောက်မြောက်ဒေသ မြို့တော်
ပီရှဝါမြို့တော်တွင်အသေခံဗုံးခွဲသူ
တစ်ဦး၏လက်ချက်ကြောင့်…


အနည်းဆုံးလူရှစ်ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်…။

တာလီဘန်ဆန့်ကျင်ရေးခေါင်းဆောင် မြို့တော်ဝန်ဘာရှာအာမက်ဘီလော(Bashir Ahmad Bilour)သည်လည်းသေဆုံးသူများထဲတွင်ပါဝင်သည်။

အဆိုပါပေါက်ကွဲမှုသည်  Awami National Party(ANP) ခေါင်းဆောင်၏နေအိမ်တွင်ဖြစ်ပွားခဲ့ပြီး ထိုပါတီသည်နိုင်ငံတော်အုပ်ချုပ်ရေးတပ်ပေါင်းစု၏အဖွဲ့ဝင်လည်းဖြစ်သည်။

ပါကစ္စတန်တာလီဘန်များက အဆိုပါဖောက်ခွဲမှုသည် ၄င်းတို့ပြုလုပ်ခြင်းဖြစ်ကြောင်းကြေငြာခဲ့သည်။

တာလီဘန်များသည် Khyber Pakhtunkhwa ခရိုင်တွင်အာဏာရှိသောANP ပါတီအဖွဲ့ဝင်များကို မကြာခဏပစ်မှတ်ထားနေသည်။ပါကစ္စတန် ပီရှဝါမြို့တွင် ANP  ပါတီ၏အစည်းအဝေးအတွက် လူ၁၀၀ ခန့်စုဝေးခဲ့ကြသည်
။သေဆုံးခဲ့သည် Mr.Bilour သည်မိန့်ခွန်းပြောကြားပြီး ပြန်လည်ထွက်ခွာသွားစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ANP ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ Nazir Khan က မီဒီယာများသို့ပြောကြားခဲ့သည်။

မီးခိုးငွေ့များ မီးလောင်စများ သေဆုံးသူများ ဒဏ်ရာရသူများနှင့်ပြည့်နှက်နေခဲ့သည်ဟု ၄င်းကပြောကြားသည်။သေဆုံးသူ အသက် ၆၉ နှစ်ရှိတာလီဘန်ဆန့်ကျင်ရေးခေါင်းဆောင် Mr.Bilour သည် ရင်ဘတ်တွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ထိုဒဏ်ရာများကြောင့် ဆေးရုံပေါ်တွင်သေဆုံးခဲ့သည်။

ရဲအရာရှိတစ်ဦးမှ Mr.Bilour ၏အတွင်းရေးမှုး၊အခြား ANP အရာရှိများနှင့် ရဲသားတစ်ဦး သေဆုံးသူများထဲတွင်ပါဝင်ကြောင်း  Angence-France-Preese  သတင်းဌာနသို့ပြောကြားသည်။ဆေးရုံနှင့်ရဲများ၏ပြောကြားချက်အရအနည်းဆုံး လူ၁၈ဦးလည်း ပေါက်ကွဲမှုတွင်ဒဏ်ရာရခဲ့ကြောင်းသိရသည်။

 News Source;BBC
 Hot News Weekly


SHARE THIS
Previous Post
Next Post