ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွတ် ၏ FB မှ
ဆေးရုံတက်နေတဲ့ မင်းသားဝီလျံရဲ့ ဇနီး Catherine တက်နေတဲ့ဆေးရုံကို သြစတေးလျနိုင်ငံ 2Day FM အသံလွှင့်ဌာနက သတင်းထောက်နှစ်ယောက်က ဗြိတိသျှ ဘုရင်မကြီးနဲ့ ကြင်ယာတော် အယောင်ဆောင်ပြီး ဖုန်းဆက်တယ်။ ပြီးတော့ မင်းသမီးအခြေအနေကို မေး ပါတယ်။ လက်ခံနားထောင်တဲ့သူနာပြုဆရာမက အမှန်ထင်ပြီး တာဝန်ရှိသူတွေဆီ ဖုန်းလွှဲမိ ဖြေမိ၊ ပြောမိ တော့ နောက်ဆက်တွဲပြဿနာတွေတက်ကုန်ပါတယ်။ နောက်ဆုံးတော့ အဲဒီ သူနာပြုဆရာမ ကြိုးဆွဲချပြီး မိမိက
ိုယ်မိမိ အဆုံးစီရင်သွားခဲ့တယ်။ သူ့ မှာ ခင်ပွန်းရယ်၊ ကလေးနှစ်ယောက်ရယ် ကျန်ခဲ့ ပါတယ်။
ဒီအယောင်ဆောင်သတင်းယူမှုနဲ့ နောက်ဆက်တွဲ ကြေကွဲစရာအဖြစ်တွေ အတွက် ဘယ်သူက တာဝန်ယူမှာလဲ။ အသံလွှင့်ဌာနကတော့ သတင်းထောက်နှစ်ယောက်ကို တာဝန်က ရပ်စဲပြီး သေဆုံးသွားတဲ့ သူနာပြု ဆရာမမိသားစုအတွက် ရန်ပုံငွေထူထောင်ပေးမယ်လို့ဆိုတယ်။ အဲဒါဟာ ကျန်ရစ်သူမိသားစုအတွက် လုံလောက်ပါ့မလား။ အောက်က လင့်ခ်မှာ အပြည့်အစုံဖတ်နိုင်ပါတယ်
http://www.independent.co.uk/news/uk/home-news/nurse-at-centre-of-duchess-of-cambridge-phone-call-hoax-was-found-hanged-in-flat-alongside-suicide-note-8405954.html
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
