မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)
ကမ္ဘာပေါ်တွင် အမျိုးသမီးများကို အားနွဲ့သူများအဖြစ် သတ်မှတ်လေ့ရှိကြသည်။ ဒီစကားအသွားအလာအရ အင်အားမရှိ၊ ဦးဆောင်မှု ၊ စွမ်းဆောင်မှုမရှိဟု အဓိပ္ပာယ်ဖွင့်ဆိုလိုခြင်းဟု ယူဆရသည်။ ကိစ္စတိုင်းတွင် မဟာပုရိသယောက်ျားများသာ စွမ်းဆောင်နိုင်သည်ဟု ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။
ယနေ့မျက်မှောက်ကာလတွင် ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်များမှ
ကျေးလက်နေရခိုင်အမျိုးသမီးဘဝမျာ
ရခိုင်ပြည်နယ်တွင် လယ်ယာစိုက်ပျိုးရေးပြီးလျှင် ဒုတိယစီးပွားရေးမှာ ရေလုပ်ငန်းဖြစ်သည်။ ရခိုင်ပြည်နယ်၏ ရေလုပ်ငန်း စီးပွားရေးမှာ မွေးမြူးရေးထက် သဘာဝအတိုင်းသာ ငါးဖမ်းဆီးကြခြင်းဖြစ်သည်။
ကျေးလက်နေ အောက်ခြေသိမ်းလူတန်းစားတို့မှာလ
မင်းပြားမြို့နယ် ဆင်ကြီးပြင်ကျေးရွာမှ အသက် (၂၅)နှစ် အရွယ် ကလေး(၃)ဦး မိခင် ဒေါ်သိန်းနုစိန်မှာ အမျိုးသားဆုံးပါးခဲ့သည့် နောက်ပိုင်း ရေအလုပ်သမတစ်ဦးအနေဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့ရသည်။
ယင်းကျေးရွာနေအမျိုးသမီးများမှာ
''ငါးတွေကို ရွာပတ်ပြီးလိုယ်ဝယ်တယ်၊ မနက်အာရုံ ၄နာရီမှာထပြီင်္း မင်းပြား ကျိန်းတောင် တောင်ပေါ်ကို ဖြတ်ပြီးသွားရတယ်၊ မင်းပြားဈေး ရောက်ရင်ပါလာတဲ့ ငါးကို ဈေးမှာ ရတဲ့ဈေးနဲ့ ရောင်းခဲ့ရတယ်၊ ပြီးလို့ရှိရင် ချက်ချင်း ပြန်လာရတယ်"ဟု ဒေါ်သိန်းနုစိန်က သူ့၏ဘဝဖြတ်သမ်းကိုပုံကို ပြောသည်။
ဆင်ကြီးပြင်ကျေးရွာနှင့်မင်းပြာ
'' တစ်ခါတလေ အဲဒီတောင်ပေါ်က တစ်ယောက်တည်းသွားရင် အရမ်းကြောက်တယ်၊ အရင်တုန်းက ဆိုရင် အမျိုးသမီးတွေ မုဒိန်းကျင့်ခံရတာတို့၊ ပစ္စည်းတွေ လုယက်တာတို့ ရှိခဲ့တယ်၊ လွန်ခဲ့တဲ့ ၆နှစ်လောက်ကပေါ့ ''ဟု ဒေါ်သိန်းနုစိန်ကပြောသည်။
ဒေါ်သိန်းနုစိန်နှင့် ဘဝတူ အသက်၂၁ နှစ်ရှိ အမျိုးသမီးတစ်ဦးမှာလည်း အမျိုးသား မလေးရှားသို့ ထွက်သွားသဖြင့် ယနေ့ထိ သတင်းမကြားရသေး၊ သို့သော် ဘဝအတွက် ဝမ်းရေးကို ရေလုပ်ငန်းတွင် နစ်မြုပ် ထားသည်။
"ချောင်းတွေ၊ အင်းအိုင်းတွေမှာ၊ ကဏန်းတွေ ရှာတယ်၊ ငါးတွေ ရှာတယ်၊ ရလာတဲ့ဟာကို မင်းပြားဈေးမှာ ရောင်းတယ်၊ ဘဝက မချမ်းသာပေမယ့် ဝမ်းရေးကိုက်အောင် မနည်းကြိုးစားနေရတယ်၊ မြစ်ချောင်း အင်းအိုင်တွေက ဖမ်းလို့ရလာတဲ့ ငါးတွေကို မင်းပြားဈေးမှာ ရောင်းတယ်၊ တစ်ရာကို တစ်ထောင်၊ ထောင့်ငါးရာ အဲဒါလောက်ဘဲပေါ့၊ ရလာတဲ့ပိုက်ဆံနဲ့ မီးဖိုသုံးပစ္စည်း တွေဝယ်ရတယ်၊ ဖယောင်းတိုင်က အစပေါ့"ဟု သူမက ဆိုသည်။
ရခိုင်ပြည်နယ်ကျေးလက်ဒေသရှိ အမျိုးသမီးများမှာ အလုပ်အကိုင် မတူညီကြချေ၊ ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်တွေခရိုင်၊ ကျောက်တော်၊ မြောက်ဦး၊ပုဏားကျွန်း၊ စစ်တွေ၊မြို့နယ်တို့ရှိ အမျိုးသမီးအများစုမှ ရေလုပ်ငန်းလုပ်ကိုင်သူ နည်းပါးပြီး မင်းပြား၊ပေါက်တော၊ မြေပုံ၊မြို့နယ်တို့တွင် ရေလုပ်ငန်းအသက် မွေးဝမ်းကျောင်းဘဝဖြင့်ကျင်လည်ရ
''အမျိုးသမီးရေ လုပ်သားဘဝဆိုတာလဲ မြို့နယ်အလိုက်ကွာတယ်၊ ကျောက်တော်တို့မှာဆိုရင် စိုက်ပျိုးရေး အဓိကပေါ့၊ ပေါက်တော ၊မင်းပြား၊တို့မှာတော့ မြစ်ချောင်းတွေ ပေါ့တဲ့ အတွက် ကျေးလက်နေအမျိုးသမီး တွေက ရေလုပ်ငန်းဘဝနဲ့ ကျင်လည်နေရတာ" ဟု ဒေါ်သိန်းနုစိန်က ပြောသည်။
မြန်မာနိုင်ငံတစ်ဝန်း၌ ရခိုင်ပြည်နယ်မှာ ဆင်းရဲမွဲတေမှု ဒုတိယ လိုက်သည့် ပြည်နယ်တစ်ခုဖြစ်ပြီး ယင်းအနက် ကျေးလက် ပြည်သူ အများစုမှာ အလုပ်လက်မဲ့ ပိုများသည်။
ကျေးလက်နေလူနေထူမှ အမျိုးသားများမှာ ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွါကြသဖြင့် ကျန်ရှိနေခဲ့ သည့် အမျိုးသမီးတို့မှာ အရင်းအနှီးများများမလိုသော ရေလုပ်ငန်းဖြင့် ဘ၀ဝမ်းရေးဖြည့်တင်းနေကြခြင်း ဖြစ်သည်။
မင်းပြားမြို့နယ် အနောက်ဘက်၊ ဆင်ကြီးပြင်ကျေးရွာ၊ပန်းဇင်မော်
''မနက်စောစော ဒီရေကျတဲ့ အချိန်ဆိုရင် သူ့ထက်ငါ ဦးအောင် မြစ်ချောင်း၊အင်းအိုင်တွေဆီသွား
ဒေါ်ဖြူမေတွင် သားနှစ်ယောက် သမီး ၁ယောက်ရှိသည်။ သားနှစ်ယောက်ကမူ နွားကျောင်း ကောက်ရိတ် စသဖြင့် ကျန် သမီးတစ်ယောက်မှာလည်း ၄င်းနှင့်အတူ ရေလုပ်ငန်းတွင် အလုပ်ခွင်ဝင်သည်။
ရခိုင်အမျိုးသမီးအများစုမှာ မကျန်းမာသည့်သည့် အခါ ကျေးလက်နေ တိုင်းရင်းဆေးဆရာများကိုသာ အားကိုးလေ့ရှိသည်။
အချမ်းပိုလာသည့် ဒီဇင်ဘာနင်းထုကြား၌ ကျေးလက်ဒေသရှိ ရေလုပ်သားအမျိုးသမီး တို့မှာ ချမ်းအေးသည် ထက် ကုန်ကြမ်းသားငါးပုစွန်များရရှိေ
ယနေ့တွင်ပို အအေးကြီးသည်ဟု ဒေါ်သိန်းနုစိန် ထင်မိသည်။ လက်ထဲတွင် နှစ်ကာလ များစွာ သုံးနေသည့် ယက်သဲဟောင်းတစ်ခုကို ကိုင်ထားသည်။ မင်းပြားမြို့ဈေးအဟောင်းတန်းမှ
"'ဒီလောက်ထူတာကို လျော်လိုက်ရင် တစ်နေ့နဲ့ခြောက်သွေ့မှာ မဟုတ်ဘူး၊ ရှိတာလည်း ဒီတစ်ခုတည်းဆိုတော့ ငါးရှားသွားရင် ဒါဘဲ သုံးတယ်" ဟု ၄င်းက ပြောပြသည်။
မနက်စောစောသွားရင်၊ နေ့လည် ၁၂နာရီလောက်မှ အိမ်ပြန်ရောက်တယ်၊ ရေမိုးချိုးပြီး ရလာတဲ့ ငါးတွေကို ရွာတွေပတ်ပြီး လိုက်ရောင်းရတယ်၊ ကဏန်းလုံးတွေကိုတော့ ဒိုင်တွေမှာ သွင်းတယ်၊ ဈေးနှိမ်ခံရတာလဲ မပြော ချင်တော့ပါဘူးလို့ ဒေါ်သိန်းနုစိန်က ဆက်ပြောသည်။
ဒေါ်သိန်းနုစိန်တွင် ရေလုပ်ငန်းဖြင့် စီးပွားရေး ချောင်လည်သော်လည်း သူ့ညီမတွင်မူ သူ့ထက်ဆိုးသည်။ အသက်၂၁ အရွယ်ရှိ သူ့ညီမမှာ အမျိုးသား မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော်လည်း ငွေကြေး ထောက်ပံ့မှု မရရှိသေးဟု သူ့ညီမက ပြောပြသည်။
'' ကျမ အမျိုးသားက မလေးရှားသို့သွားမယ်လို့ ပြောတဲ့အခါ ငွေမရှိဘူး၊ နောက်တော့ သူများဆီက အတိုးနဲ့ ယူပြီး မလေးရှားသို့ ပို့လိုက်တယ်၊ ဒါပေမယ့်သူလဲ အခုထိ ပေါ်မလာသေးဘူး၊ ဒီတော့ ချေးထားတဲ့ ငွေ အတွက် ကျမရဲ့ လက်ဝတ်ရတနာတွေကို ရောင်းပြီး ဆက်လိုက်ရတယ်၊ ဒါတောင် အတိုးနှုန်းက ကျန်သေးတယ်'' ဟု သူမက ပြောသည်။
ငါးရှာထွက်သည့်အခါ အရွယ်မရောက်သေးသည့် နို့စို့အရွယ်ကလေးများအား အိမ်မှာ ဆွေမျိုးဖြင့် ထားခဲ့ ရသည်။
''ငါးရှာနေတုန်းမှာ နို့ရင်တာတွေ ဖြစ်လာတယ်၊ ငါ့ကလေးနို့ဆာနေပြီလား ဆိုပြီး ကျမခေါင်းထဲ အတွေး တွေက အမြဲတမ်းဝင်တယ်၊ ဒါပေမယ့် ဒီအလုပ်မလုပ်ရင် ထမင်းဘယ်လိုစားရမလဲ'ဟု သူမက စကား ဆက်သည်။
ကျေးလက်ဒေသရှိ အမျိုးသမီးများ၏ ပညာရည် နိမ့်ပါးမှုမှာ ဒေသစီးပွားကို အခြေခံကြောင်း ပြည်နယ် ပညာရေး ညွန်ကြားရေးမှူးရုံးမှ ပညာရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။
'' ကျေးလက်ဒေသတွေမှာ အမျိုးသမီးတွေ ပညာရေးအားနည်းတာက စီးပွားရေးက အဓိကပါ၊ စီးပွားရေး ဖွံ့ဖြိုးလာရင် ပညာရေးလည်း လိုက်စားကြမှာ၊ စီးပွားရေးမရှိတဲ့အခါ ပညာရေးထက် ဝမ်းရေးကို အဓိက ထားနေ ကြရတာ၊ ဆိုတော့ ဒေသဖွံ့ဖြိုးရေးတွေ အများကြီးလုပ်ပေးဖို့လိုတယ်”ဟု အဆိုပါ ပညာရေးဝန်ထမ်း က ဆိုသည်။
မြန်မာနိုင်ငံတွင် ပညာရေးကဏ္ဍစစ်တမ်းများအရ အခြေခံပညာမူလတန်းပြီးဆုံးမှု အများဆုံးဒေသများမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသတို့ဖြစ်ရာ အခြေခံပညာမူလတန်း အဆင့်ပြီးဆုံးမှု အနည်းဆုံး ဒေသတို့မှာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဖြစ်သည်။
ရခိုင်ပြည်နယ်ကျေးလက်ဒေသရှိ အမျိုးသမီးများ၏ ပညာရေးကဏ္ဍမှာ ၄င်းတို့မိဘများ၏ စီးပွားရေးကို အခြေခံနေကြောင်း မင်းပြာမြို့မှ အလယ်တန်းပြ ဆရာမတစ်ဦးရှင်းပြသည်။
"ဆရာမတို့ ကြာအင်းတောင်မှာကျတုန်းက အမျိုးသမီးငယ်တွေဟာ အခြေခံပညာရေးအဆင့်တောင် မသင်နိုင်ကြဘူး ၊ ကျောင်းလခမပေးနိုင်တာတို့၊ အလယ်တန်းအဆင့်ဆိုရင်လဲ မိဘတွေဟာ ငွေကြေးအရ မလိုက်နိုင်တာလည်း ပါတယ်၊ ပြီးတော့ ကျေးလက်က အမျိုးသမီးတွေဟာ မြို့တက်ပြီးပညာသင်ရင် ပိုက်ဆံက လိုတယ်လေ၊ မတတ်နိုင်တဲ့ မိဘတွေမှာ အလယ်တန်းအဆင့် မသင်နိုင်ဘူး ၊မူလတန်း အဆင့်နဲ့ ဘဲပြီး သွားတယ်၊ သူတို့သင်ချင်ပေ့မယ့် မိဘစီးပွားရေး မတင့်တော့ ရှေ့သို့ တက်မလာဘူး''ဟု မင်းပြားမှ ဆရာမက ပြောသည်။
ရခိုင်ပြည်နယ်၏ ပညာရေးကဏ္ဍတိုးတက်မှုမှာ မြို့ပေါ်ဒေသရှိ အောက်ခြေလူတန်းစားများ၌ ၄င်းတို့၏ သားသမီးများကို အခြေခံပညာမူလတန်းအလယ်တန်းစသဖြင်
http://