နောက်တစ်ခုက မယ်နုက စကားအရာမှာတော်၊ရုပ်ကလည်း ချောလို့
နေပြည်တော်မှာ လုလင်ငယ်တွေသွားသွား စကားစစ်ထိုးရာက အမြဲတမ်းနိုင်တယ်လို့ သတင်းကြီးတော့ ဘကြီးတော် ဖြစ်မယ့် စစ်ကိုင်းမင်းသားလေးက သွားကြည့်ရာ သဘောကျပြီး နန်းတော်သို့ တော်ကောက်သွားရာကနေ မိဖုရားဖြစ်လာတယ်လို့ ဆိုပါတယ်။ မယ်နုကို မိဖုရားခေါင်အဖြစ်မသတ်မှတ်ရန် ဘိုးတော်ဘုရားမှ အနိစ္စမရောက်ခင်မှာခဲ့သော်လည်း ဘကြီးတော်မင်းရဲ့ အသဲစွဲဖြစ်သဖြင့် အတားအဆီးမရှိ မိဖုရားခေါင်ဖြစ်လာပါတယ်။ သူ့မောင်တော်ဦးအို ဆိုတာလည်း တချို့သမိုင်းများမှာ မယ်နုရဲ့ ငယ်ချစ်သူလို့ ဆိုပါတယ်။မိဖုရား ဘယ်သွားသွား မောင်တော်ဦးအိုက အမြဲတမ်းခစားရပါတယ်။ နန်းတော်မှာ မယ်နုအာဏာအလွန်ကြီးနေစဉ် သာယာဝတီမင်းသားက နောင်တော်ကို ပုန်ကုန်ရာ အောင်မြင်သဖြင့် ဘကြီးတော်မင်းနဲ့ မိဖုရားမယ်နုကို အကျယ်ချုပ်ပါတယ်။ သို့သော် နောက်ပိုင်း မယ်နုက ဘုရင်သာယာဝတီကို လုပ်ကြံရန် တိတ်တဆိတ်ကြံစဉ်တယ်လို့ သတင်းပေါက်ကြားသဖြင့် စစ်ဆေးရာ ငယ်သားတွေက ဟုတ်မှန်ကြောင်း ဖြောင့်ချက်ပေးလို့ မင်းမျိုးတွေကို သေဒဏ်ပေးသည့် ထုံးစံအတိုင်း ၁၈၄၀ မေ ၁၂ မှာ ရေမှာ ချပြီး သတ်ပါတယ်။ မယ်နုဟာ စုဖုရားလတ်ရဲ့ အဘွားဖြစ်ပါတယ်။