အသံတိတ်နေသောခရိုနီ

ခရိုနီအမည်တပ်ခံရသောသူဌေးအားလုံးဝေဖန်ပြစ်တင်ခံနေရတဲ့
အချိန်မှာအသံလုံးဝမထွက်သော Asia World ၏ ပိုင်ရှင်
ဦးထွန်းမြင့်နိုင် ၏ရှားပါးဓါတ်ပုံဖြစ်ပါသည်။

လောစစ်ဟန်၏သားဖြစ်သူ၎င်းသည်..အရင်းအမြစ်မဖေါ်ပြနိုင်သောငွေ
ကြေးများဖြင့်စီးပွားရေးအင်ပါယာတစ်ခုထူထောင်နိုင်ခဲ့သူဖြစ်သည်။
ယခင်ဒုသမ္မတဦးတင်အောင်မြင့်ဦး၏အလွန်အရေးပေးခံရသူဖြစ်သည်။

ဦးတေဇနှင့်အတူနောက်ဆုံး US ၏ပိတ်ဆို့မှုခံရချိန်တွင်တရုတ်နိုင်ငံ
၏နိုင်ငံရေးစီးပွားရေးအရထောက်ခံမှုအပြည့်အ၀ရရှိထားသောသူဖြစ်
သည်။

ဦးတေဇ၊ဦးဇော်ဇော်တို့ခရိုနီများအဖြစ်ဝေဖန်ခံနေရသည့်အချိန်တွင
ဦးထွန်းမြင့်နိုင်နှင့်၎င်း၏ ကုမ္မဏီလုံးဝအသံမထွက်ခြင်းသည်ထူးခြား
နေပါသည်။

ရန်ကုန်ဆိပ်ကမ်းများ ၊ နေပြည်တော်လေဆိပ် ၊ သောက်ရေခပ်ဆည် ၊
ဆက်သွယ်ရေးလုပ်ငန်းများ ( ZTE ) ၊ သစ်ထုတ်ရေးလုပ်ငန်း စသည်
လုပ်ငန်းပေါင်းများစွာ နှင့် မြစ်ဆုံ ၊ရေနံပိုက်လိုင်းကဲ့သို့တရုတ်စီမံကိန်း
များစွာအားကြားခံဆောင်ရွက်ခဲ့သည်။တရုတ်လူမျိုးဖြစ်ပြီးတရုတ်ဘာ
သာစကားအားကောင်းစွာတတ်မြောက်ခြင်းကအထောက်အကူပြုခဲ့
သည်။
Myanmar Evening News


SHARE THIS