ဇွန်လ ၂၀ ရက် ၂၀၁၃
ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Mr. Alan Duncan ဟာ ဇွန်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ်ကို ရောက်ရှိလာ ပြီး စစ်တွေနဲ့ မြေပုံမြို့နယ်တွေက ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို သွားရောက်လေ့လာခဲ့ပါတယ်။
သူ့ရဲ့အခု ရခိုင်ပြည်နယ်ခရီးစဉ်ဟာ ဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အစိုးရအဖွဲ့ကို အကြံပြုဖို့ဖြစ်တယ်လို့ စစ်တွေမြို့မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အရေးပေါ် ကူညီကယ်ဆယ်ရေး ညှိနှိုင်းရေးမှူးရုံး UNOCHA အဖွဲ့တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
"သူ့အနေနဲ့ပေါ့ မြန်မာနိုင်ငံကို လာရောက်ပြီးတော့ လေ့လာတဲ့အခါမှာ ဘာလုပ်ပါ၊ ညာလုပ်ပါဆိုပြီး အစိုးရကို လာပြီးတော့ပြောတာ မဟုတ်ပါဘူးပေါ့နော်၊ အစိုးရလုပ်နေတာတွေကို နားလည်အောင်ကြိုးစားပြီးတော့ သူတွေ့ရှိတာတွေကို အကြံပြုတာပဲဖြစ်ပါတယ်ပေါ့"
ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Alan Duncan ဟာ စစ်တွေမြို့နယ်ဘက်က သက်ကယ်ပြင်၊ ဓားပိုင်၊ အောင်မင်္ဂလာ၊ မိုးလေဝသနဲ့ ဆတ်ရိုးကျချောင်းတစ်ဘက်ကမ်းမှာရ
သူ့ရဲ့ခရီးစဉ်အပြီးဒီကနေ့နေ့လည်
RFA