ပြင်သစ် လက်ရွေးစင် ဘောလုံးသမား နှစ်ဦးဖြစ်သော
ဖရန့်ခ်ရစ်ဘာရီနှင့် ကီရင် ဘန်ဇီးမားတို့သည် အသက်မပြည့်သေးသည့် ပြည့်တန်ဆာ
တစ်ဦးနှင့် ဆက်ဆံခဲ့မှုအတွက် တရားရုံးတွင် အစစ်ဆေး ခံခဲ့ရကြောင်း
သိရှိရသည်။ ဘိုင်ယန်မြူးနစ် တောင်ပံလူ ရစ်ဘာရီနှင့် ရီးယဲလ်မက်ဒရစ်
တိုက်စစ်မှူး ဘန်ဇီးမားတို့သည် အဆိုပါ စွဲချက်အတွက် တရားရုံးတွင် ရင်ဆိုင်
ဖြေရှင်းရမှုကို (၃)နှစ်ကြာအောင် ရွှေ့ဆိုင်းနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ
လက်တွေ့ ရင်ဆိုင်လာရခြင်း ဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည်
အယ်လ်ဂျီးရီးယန်းနွယ်ဖွား ဇာဟီရာ ဒီဟာနှင့် ငြိစွန်းခဲ့ခြင်းအတွက် ယခုပြဿနာ
ကြုံလာရခြင်း ဖြစ်သည်။
ပြင်သစ် ဥပဒေအရ အသက်မပြည့်သေးသော မိန်းကလေး တစ်ဦးနှင့် အခကြေးငွေ ပေးချေကာ ကာမဆက်ဆံခြင်းသည် မျက်ကွယ်ပြု၍ မရဘဲ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်(၃)နှစ်၊ သို့မဟုတ် ပေါင်စတာလင် (၄၀၀၀၀)ထိ ချမှတ်ခြင်း ခံရနိုင်သည်။ ဇာဟီရာသည် ယခုအချိန်တွင်မူ ကိုယ်ပိုင် အမှတ်တံဆိပ်နှင့် အမျိုးသမီး အတွင်းခံ အဝတ်အထည်များကို ရောင်းချလျှက် ရှိနေသည်။ အဆိုပါ အရှုပ်အထွေး ပေါ်ပေါက်လာခြင်းသည် (၂၀၁၀)ပြည့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသော ပြင်သစ် လက်ရွေးစင် အသင်းကို တုန်လှုပ်စေခဲ့ပြီး ထိုစဉ်က ရစ်ဘာရီရော၊ ဘန်ဇီးမားပါ ဇာဟီရာ၏ အသက်မှာ (၁၇)နှစ်သာ ရှိသေးကြောင်း မသိခဲ့ဟု ဝန်ခံထားသည်။

SHARE THIS