မန်ချက်စတာယူနိုက်တက်ရဲ့ မက္ကစီကန်တိုက်စစ်မှူးလေးက သူ့အသင်းဖော်
ဒေးဗစ်ဒီဂီအာဟာ ကမ္ဘာ ပေါ်မှာ အကောင်းဆုံး ဂိုးသမား တစ်ဦးဖြစ်လာမည့် သူဟု
ထုတ်ဖော်ချီုးကျူး ခဲ့ပါတယ်။
“ဘောလုံးအကြောင်း ကောင်းကောင်းနားလည်တဲ့ သူတွေကတော့ ဒေးဗစ်ဟာ ထိပ်တန်းအဆင့် ဂိုးသမား တစ်ဦးဆိုတာကို သိကြမှာပါ။ ဒါကြောင့်လည်း မန်ချက်စတာယူနိုက်တက်က သူ့ကို အရခေါ်ခဲ့ တာပေါ့။ ဒေးဗစ် ဘယ်လောက် တော်တယ်ဆိုတာ သူတို့တွေ သိခဲ့ကြတယ်။ တကယ်လို့ သူ့အနေနဲ့ ဒီလိုအသင်းမှာ ကစားဖို့ ထိုက်တန်တဲ့ အဆင့်တစ်ခုမှာ မရှိခဲ့ဘူးဆိုရင် ဒီကိုသူရောက် လာစရာ အကြောင်းလည်း မရှိပါဘူး။ တခြားတစ်ယောက်ကို ရှာဖွေကြမှာပါ။ ”
“ကျွန်တော့် အတွက်တော့ သူဟာ ပြီးပြည့်စုံတဲ့ ဂိုးသမား တစ်ယောက်ပါ။ ဗုဒ္ဓဟူးနေ့ညက ဘယ်လောက် ကြီးကျယ်တဲ့ ကာကွယ်မှုတွေ သူပြုလုပ်ပြခဲ့သလည်းဆိုတာ အားလုံးတွေ့ကြမှာပါ။ သူက ခြေထောက်ကိုလည်း ကောင်းကောင်းအသုံးချ တတ်သူဗျ။ ဒါမျိုးကို တခြားဂိုးသမားတွေဆီမှာ တွေ့ဖို့မလွယ်ဘူး။”
“ကော်နာနဲ့ ဖရီးကစ်တွေကို သူရှင်းထုတ်တဲ့ ကိစ္စအပေါ် လူတွေက ပြောကြတယ်ဗျ။ သူက ဒီနေရာမှာ အားနည်းတယ်ပေါ့။ ဒါပေမယ့် ကျွန်တော်ကတော့ သူလုပ်တာ ကောင်းတယ်လို့ ထင်တယ်။ နှစ်နည်း နည်း စောင့်ကြည့်ပါ။ သူ ကမ္ဘာပေါ်မှာ နံပါတ်တစ် ဂိုးသမား ဖြစ်လာပါလိမ့်မယ်။”
ဒေးဗစ်ဒီဂီအာဟာ ယူနိုက်တက်ကို စတင်ရောက်ရှိလာစတုန်းက အမှားအယွင်း တချို့ပြုလုပ်ခြဲ့ ပီး ဝေ ဖန်မှုမျိုးစုံကိုလည်း ကြုံတွေ့ခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် မက္ကစီကန်တိုက်စစ်မှူးကတော့ သူ့အသင်းဖော် မက်ဒရစ်သားလေးဟာ ဝေဖန်မှုတွေကို ကြံ့ကြံ့ခံနိုင်ခဲ့သူ ဖြစ်တယ်လို့ MUTV မှ ဆက်လက်ချီးကျူး စကားဆိုခဲ့ပါတယ်။
“ဒေးဗစ်ဟာ လူတွေသူ့အကြောင်း ပြောနေကြတာကို အရေးမစိုက်ပဲ သူ့အလုပ်ကိုသာ အာရုံစိုက် လုပ်ဆောင်ခဲ့သူပါ။ သူ့မှာ သူ့ကိုယ်သူ ယုံကြည်ချက် အများကြီးရှိတယ်။ လူတွေပြောနေကြတာကို နားထောင်ပြီး လိုက်လုပ်နေစရာ သူမလိုအပ်ဘူး။ သူလုပ်ရမှာ ပျော်ပျော် ကစားနေဖို့ပဲ။ ဘာလို့လည်း ဆိုတော့ ကမ္ဘာ့နံပါတ်တစ် ဂိုးသမား တစ်နေ့ဖြစ်လာနိုင်တယ်ဆိုတာကို သူသိနေလို့ပဲ။”
Myanmar Manchester United