စစ်တွေမြို့နယ်မှ ဘင်္ဂလီကျုးကျော်နေအိမ်များအား စီစစ်မည်

စစ်တွေမြို့နယ် သဲချောင်း၊ ဒါးပိုင်နှင့်မှန်စီးကျေးရွာ လမ်းတစ်လျောက်ရှိ မိမိတို့ကိုယ်ပိုင်အစီစဉ်ဖြင့် ကျူးကျော်နေထိုင်နေကြသည့် ဘင်္ဂလီ နေအိမ်များအား ဖယ်ရှားပေးရန် သက်ဆိုင်ရာမှ ဒီဇင်ဘာလ(၂)ရက်နေ့က အသိပေးလိုက်ကြောင်း သိရသည်။ ထို့အပြင် သဲချောင်းရွာ၊ လက်သမားရွာ ဘုမေ သဲချောင်း လမ်းဘေးဝဲယာရှိ ကျူးကျော်တဲအိမ်များကို ဖျက်သိမ်းထားရန် သက်ဆိုင်ရာမှ သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။ “ကျုးကျော်တဲတွေမှာနေတဲ့သူတွေကို ဒုက္ခသည် ဟုတ်မဟုတ်စစ်ဆေးပါတယ်။ ဒုက္ခသည်ဟုတ်ရင်စခန်းသို့ ပို့ပါမယ်။ ဒုက္ခသည် မဟုတ်ရင်သူတို့ကို လက်သမားကျေးရွာသို့ ပို့ပါမယ်။ တစ်ချို့ ကျေးရွာက ဒေသခံတွေကလည်း ဒုက္ခသည်ဆိုပြီးလမ်းဘေးမှာ တဲထိုးပြီးနေတာ တွေရှိတယ်။ အဲဒါကို သေချာစိစစ်ပြီး ဆောင်ရွက်သွားမှာပါ” ပြည်နယ်အစိုးရအဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။ ယမန်နေ့က စစ်တွေမြို့နယ်သဲချောင်း ကျေးရွာ လမ်းဘေးတစ်လျောက် မိမိအစီအစဉ်ဖြင့် ကျူးကျော်ဆောက်လုပ်လျှက်ရှိသည့် တဲအိမ်များကို ဖယ်ရှားပေးရန် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးအပါအဝင် ဌာနဆိုင်ရာများက သွားရောက် အသိပေးခဲ့ခြင်းဖြစ်သည်။ “သဲချောင်းမှာ ကျူးကျော်တဲအိမ် (၅၀)ဆယ်ကျော်တယ်။ ဒါတောင်တစ်ပိုင်းပဲ ရှိသေးတယ်။ ဒီနေ့လဲစာရင်းကောက် ရဦးမယ်“ဟုစာရင်းကောက်ရာတွင် ပါဝင်သည့် ဒေသခံ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။ ဘုမေ သဲချောင်း မှန်စီကျေးရွာတွင်လည်း ကျူးကျော်နေထိုင်နေကြသည့် ဘင်္ဂင်္လီတို့၏ တဲအိမ်များကို ဖယ်ရှားပေးရန် ပြီးခဲ့သည့် အပတ်က သတိပေးခဲ့သည်။ “ဒီဇင်ဘာ တစ်ရက်နေ့က အဲဒီမှာရှိတဲ့ မူဆလင် ဘင်္ဂလီတွေ့ရဲ့ ကျုးကျော်တဲတွေကို ဖျက်သိမ်း ပေးဖို့ပြောတဲ့အခါ သူတို့က မထွက်လိုဘူး။ ပြီးတော့အဲဒီတဲတွေမှာ အရင်ကရှိခဲ့တဲ့ ဒုက္ခသည်တွေကို စခန်းတွေဆီပို့ထားပေမယ့် ဒေသခံတွေကလဲ ဒုက္ခသည်ဆိုပြီး အဲဒီတဲ တွေမှာ နေကြတယ်။ အဲဒါကိုသေချာစစ်ဆေးပြီးမှ ဆောင်ရွက်သွားမှာပါ”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
from myitmakha

SHARE THIS
Previous Post
Next Post