နေ့စွဲ - ၁၆ ဒီဇင်ဘာ ၂၀၁၂
၁။ ရခိုင် ဆယ့်ရှစ်မြို့နယ်မှ လူမှုအဖွဲ့အစည်းကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ စေတျာရာမကျောင်းတိုက်တွင် ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် နှင့် ၁၆-ရက်နေ့ တို့တွင် လူမှုကွန်ရက်ညီလာခံကို ကျင်းပကာ၊ ရခိုင်ပြည်တွင်းရှိ မြို့နယ်တို့မှ လူမှုအဖွဲ့အစည်းများကို ချိတ်ဆက်ထားသည့် “ရခိုင်လူမှုကွန်ရက်” ကို ဖွဲ့စည်းခဲ့ကြပါသည်။
၂။ ရခိုင်တိုင်းရင်းသားတို့၏ လူမှုစီးပွားအရေးအရာအရပ်ရပ်တို့ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာတွင် အားဖြည့်ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ပါဝင်ပေးရာတွင် လက်တွဲဆောင်ရွက်သွားကြရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းချိတ်ဆက်ကြ ခြင်းဖြစ်သည်။
၃။ ရခိုင်လူမှုကွန်ရက်ကို မွေးဖွားသန့်စင်လိုက်သော ရခိုင် ဆယ့်ရှစ်မြို့ အရပ်ဘက် လူ့ အဖွဲ့အစည်း များ ၏ ဤညီလာခံက လတ်တလော ရခိုင်ပြည်အတွင်းဖြစ်ပျက်နေသော အခြေအနေအရပ်ရပ်တို့ အောက်ပါအတိုင်း ရှုမြင်သုံးသပ်ရပ်တည်သည်။
(က) လတ်တလောဖြစ်ပေါ်ခဲ့သော အကြမ်းဖက်ဆူပူမှုများသည် တရားမ၀င်ကျူးကျော်ဝင်ရောက်သူ ဘင်္ဂါလီတို့က ဒေသခံ ရခိုင်တိုင်းရင်းသားများအပေါ် နယ်မြေလုအကြမ်းဖက်မှုသာလျှင်ဖြစ်သည်။ ဤ ပြဿနာများကို ဖြေရှင်းရာတွင် ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို အလေးမထားပဲ ဖြေရှင်းရန်ကြိုးစားခြင်းသည် မှန်ကန်သော ဖြေရှင်းနည်းမဟုတ် ဟု ကျွန်ုပ်တို့ အခိုင်အမာ ခံယူသည်။
(ခ) ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒသဘောထားကို ဆန့်ကျင်လျက် ဘင်္ဂါလီများအား ပြန်လည် နေရာချထားခြင်းသည် တတိယအကျော့ ဘင်္ဂါလီအကြမ်းဖက်မှုများဆီသို့ ပြန်လည်ဦးတည် သွားစေ နိုင်သည် ဟု ဤညီလာခံက ရှုမြင်သည်။
(ဂ) ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာထောက်ပံ့ကယ်ဆယ်ရေး အဖွဲ့အစည်းများ၊ UN / iNGO / NGO အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များသည် ရခိုင်တိုင်းရင်းသားတို့အား အင်အားနည်းစေပြီး တစ်ဘက်လူအဖွဲ့အစည်းကို အင်အားကောင်းသထက်ကောင်းအောင် လုပ်ဆောင်နေခြင်းရှိမရှိကို စောင့်ကြည့်ရာတွင် ဤကွန်ရက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်။
(ဃ) ရခိုင်ဒေသအတွင်းရှိ သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ရခိုင်ပြည်သူလူထုအား ပွင့်လင်းမြင်သာသော ရှင်းလင်းထုတ်ပြန်ချက်များကို ချပြပြီး ဒေသခံပြည်သူများ၏ သဘောတူညီမှုဖြင့် ထုတ်ယူခွဲဝေသုံးစွဲမှသာ မျှတမှုရှိမည်ဖြစ်သည်။ ထိုကဲ့သို့ သယံဇာတများအား တရားမျှတမှုရှိရှိ ထုတ်ယူခွဲဝေသုံးစွဲမှုအရေးအတွက် ကြိုးပမ်းရာ၌ ကျွန်ုပ်တို့ ကွန်ရက်အနေဖြင့် ပြည်သူလူထုနှင့် အတူ ပူးပေါင်းပါဝင်သွားမည်။
၎။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ရဟန်းရှင်လူ ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်မှုအား အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခဲ့မှုကို ကျွန်ုပ်တို့ ကွန်ရက်က ပြစ်တင် ရှုံ့ချ သည်။
ရခိုင်လူမှုကွန်ရက် ပထမအကြိမ် ညီလာခံ
Subscribe to:
Post Comments (Atom)
right....give support
Reply