ဇန်န၀ါရီ လဆန်းက စပြီး မြန်မာ့ဆက်သွယ်ရေးဟာ ဂျီအက်စ်အမ်ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၂ သောင်းနဲ့ ရောင်းချမယ်လို


၂၀၁၃ ဇန်န၀ါရီ လဆန်းတွင်ဂျီအက်စ်အမ် ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊
(WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမည်
Thursday, 27 December 2012

လာမယ့် ဇန်န၀ါရီ လဆန်းက စပြီး မြန်မာ့ဆက်သွယ်ရေးဟာ ဂျီအက်စ်အမ်
ဆင်းကဒ်တွေကို ကျပ် ၁ သိန်း၊ 3G ဂျီအက်စ်အမ် (WCDMA) ဆင်းကဒ်တွေကို ကျပ် ၁ သိန်း ၂ သောင်းနဲ့ ရောင်းချမယ်လို့ မိုဘိုင်းဆက်သွယ်ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

ဒီဈေးနှုန်းကို မြန်မာ့ဆက်သွယ်ရေးကနေ တရားဝင် ထုတ်ပြန်ကြေငြာတာ
တော့ မရှိသေးပါဘူး။ ရောင်းချမယ့် ရက်ကို လာမယ့် ဇန်န၀ါရီ (၈) ရက်လို့ အကြမ်းဖျဉ်းသတ်မှတ်ထားပေမယ့် ဒီထက် စောချင်လည်း စောနိုင်တယ်လို့ သူကပြောပါတယ်။

ဆင်းကဒ်ရောင်းချဖို့ မြန်မာ့ဆက်သွယ်ရေး အရောင်းဌာန တွေကိုပဲ
ပြင်ဆင်ထားရာကနေ အရင် ဆင်းကဒ်တွေ ရောင်းခဲ့တုန်းကလို မိုဘိုင်းဖုန်း လုပ်ငန်း ကုမ္ပဏီတွေကိုပါ ခွဲဝေ ရောင်းခိုင်းဖို့ အစီအစဉ်လည်း ရှိတယ်လို့ ဦးဌေးဝင်းက ဆိုပါတယ်။

DVB TV News

SHARE THIS
Previous Post
Next Post