မိုးကောင်းအခြေစိုက် စကခ(၃)လက်အောက်ခံ
တပ်ဖွဲ့တို့သည် KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့
သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နိုင်ရန် နေရာရွေး
ချယ်၍ အမြောက်ကြီးများကိုချိန်ရွယ်လျက် ရှိသည်။
ဒီဇင်ဘာလ(၂၂)ရက်နေ့ မွန်းလွဲပိုင်းသည် ဒေါ့ဖုန်း-
ယန်မြို့နယ် မန်ဆိုင်(Man Sai)ကျေးရွာတွင် ၁၂၀
မမ အမြောက်(၂)လက် နှင့် ယင်းရွာ၏မြောက်ဘက်
တောင်ကုန်းတွင် ၁၂၀ မမ အမြောက်(၁)လက်
ထပ်မံတိုးချဲ့ ကာ လိုင်ဇာဘက်သို့ချိန်ရွယ်ထား
လိုက်ကြောင်း သိရှိရသည်။
ယခုအချိန်တွင် လိုင်ဇာဘက်သို့ ပစ်ခတ်တိုက်ခိုက်
ရန် ခန်းကိုင်တောင်တွင် ၁၀၅ မမ၊ ၁၂၀ မမ မြောက်
များ၊ ဘွမ်ဆောမ်တောင်တွင် ၁၂၀ မမ၊ ရှဒန်ပါတွင်
၁၂၀ မမ၊ မန်မော်တွင် ၁၂၀ မမ နှင့် ထပ်တိုးလာသော
မန်ဆိုင် တွင် ၁၂၀ မမ (၃)လက် စသည်ဖြင့် လက်
နက်ကြီးဖြင့်ချိန်ရွယ်ထားကာ ထိုးစစ်ဆင်နွဲရန် အသင့်
အနေအထား ပြင်ဆင်လျက်ရှိနေပြီ ဖြစ်သည်။
(source-MKN)
(နီးစပ်ရာပုံအားပြန်လည်ဖော်ပြပေးလိုက်သည်)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
