KNU ကမ်းဘဲခေါင်းဆောင်သည့်အဖွဲ့
မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်း
တွင် ကျိုက်ထီးရိုး တောင်တက်ယာဉ်
တစ်စီးမှ အတင်း အဓမ္မတောင်းယူ
သွားသော ငွေ ၇ သိန်းကို ဒီဇင်ဘာလ
၂၃ ရက်နေ့တွင် KNU အဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ပေး
အပ်ခဲ့ကြောင်းသိရှိရပါသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် KNU တပ်မဟာ (၁) မှ ကမ်းဘဲ ဦးဆောင်သော
လက်နက်ကိုင် ၈ ဦးဟာ ထိုင်ဝမ်းအမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး
စီးနင်းလာသော ကျိုက်ထီးရိုးတောင်တက် မော်တော်ယာဉ် အသင်းမှ
ကားတစ်စီးကို တားပြီး ကားမောင်းသမားထံမှ ငွေ ၇ သိန်းကို အတင်း
အဓမ္မ တောင်းယူ သွားခဲ့ပါသည်။
အထက်ပါကိစ္စနှင့် ပတ်သက်ပြီး KNU မှတာဝန်ရှိသူများအား တိုင်ကြား
ခဲ့သည့်အတွက် KNU အဖွဲ့ ကျိုက်ကော်မြို့ ဆက်ဆံရေးတာဝန်ခံအရာ
ရှိအောင်သောင်းသိန်း နှင့်အဖွဲ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်
တောင်တက်မော်တောယာဉ်အသင်းရုံးကို ရောက်ရှိလာခဲ့ပြီးကမ်းဘဲနှင့်
အဖွဲ့ဝင်များလုပ်ရပ်ကို တောင်းပန် ကြောင်းနှင့် ငွေ ၇သိန်းကိစ္စကို
ပြန်လည်ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းတွင် KNU တပ်မဟာ(၁)မှ တပ်ခွဲ
မှူး မောင်စိန်နှင့် ဒုတပ်ခွဲမှူး ဆာရိုးတို့နှစ်ဦးမှ ကင်ပွန်းစခန်းကိုရောက်
ရှိလာခဲ့ပြီး ကျိုက်ထီးရိုး ဘုရားဂေါပက ဥက္ကဌ ဦးစံမြင့်နှင့်တောင်တက်မော်တော်
ယာဉ်အသင်း ဥက္ကဌ ဦးဝိတင်တို့နှင့် တွေ့ဆုံပြီး ကမ်းဘဲတောင်းယူသွားသော
ငွေ ၇ သိန်းကို ပြန်လည်ပေးအပ်ခဲ့ကြောင်း ကျိုက်ထီးရိုးတောင်
တက်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
Myanmar Online News
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
