Coral Arakan News
မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီ (MCPWC) အစီရင်ခံစာ ထွက်ရှိ
မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီ (MCPWC) ၏ ၂၀၁၂ နိုဝင်ဘာ နှင့် ဒီဇင်ဘာ နှစ်လ အစီရင်ခံစာ ထွက်ရှိလာရာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းပိုက်လိုင်းဖြတ်သန်းသွားသည့် နေရာများတွင် စောင့်ကြည့်လေ့လာတွေ့ရှိချက်များကို ဖော်ပြထားသည်။
ယင်းအစီရင်ခံစာမှ အချက်အလက်တချို့ကို Coral Arakan က ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။
ဤစီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုများမှာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိကြောင်း သတင်းများအရ သိရသည်။ ဒေသခံလယ်သမားများအား လယ်ယာ နှင့် သီးနှံလျော်ကြေး အဖြစ် ရင်းနှီးမြှုပ်နှံမှုတစ်ခုလုံး၏ (၀.၀၁၂၈) ရာခိုင်နှုန်း သာ မြေယာ/သီးနှံ လျော်ကြေးအဖြစ် အသုံးပြုကြောင်းတွေ့ရှိရသည်။ နိုင်ငံတော်အနေဖြင့်လည်း နှစ်သုံးဆယ်အတွက် ပိုက်လိုင်းဖြတ်သန်းခ ရရှိမည့်ဝင်ငွေမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃.၈၁ သန်း မျှသာဖြစ်သည့်အတွက် ရန်ကုန်မြို့ပေါ်မှ ဟိုတယ်တစ်လုံးမြေငှားရမ်းခနှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန်နည်းပါးကြောင်း သိနိုင်သည်။ ရေနံဖြတ်သန်းခ ရရှိမည်ဖြစ်သော်လည်း သဘာဝဓါတ်ငွေ့ဖြတ်သန်းခ ရ/မရ မသိရှိရပါ။
ပိုက်လိုင်းတစ်လျှောက် ဖြေရှင်းရန် လိုအပ်ချက်များ
(က) မြေယာ/သီးနှံလျော်ကြေးကိစ္စ
(၁) ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတည်ဆောက်ရာ မဒေးကျွန်းမှ လယ်သမားများမှာ မူလပေးလျော်မည်ဟု ကတိပြုထားသော လျော်ကြေးပမာဏအတိုင်းအပြည့်အ၀မရရှိကြောင်း သိရှိရသည်။ ပြိန်ရွာမှ ဦးနန်းနု ၊ ဦးအောင်သန်းချေ အပါအ၀င် လယ်သမားများမှာ ဒုတိယအရစ် လျော်ကြေးငွေထုတ်ယူရာတွင် မူလပေးလျော်မည်ဟု ပြောထားသော ငွေပမာဏအတိုင်း မရရှိဘဲဖြတ်တောက် ဖြတ်တောက်လျော့ချခံရသည်။ လျော်ကြေးပေးသူများမှ ယခင်အတွက်အချက်မှားယွင်းမှုကြောင့် ယခုလိုလျော်ကြေးပမာဏ လျော့နည်း သွားခြင်း ဖြစ်သည်ဟု အကြောင်းပြသည်။
ကျောက်ဖြူမြို့နယ် မလကျွန်း လိပ်ခမော်ရွာအနီးရှိ On Shore Gas Terminal စီမံကိန်း မြေနေရာအတွက် ဒေသခံ(၄၀)ဦး အနက် ၂ဦးသာ လျော်ကြေးရရှိခဲ့ပြီး၊ ကျန်(၃၈) ဦးမှာ လျော်ကြေးမရရှိကြောင်းသိရှိရသည်။
ထို့အပြင် ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာမှ ဦးကျော်သိန်း၊ ဦးချင်းတောင်း၊ ဦးသင်္ကြန်အောင်၊ ဒေါ်သာဖြူ၊ ဦးစောမောင်ဦး၊ ဦးမောင်မောင်အောင်၊ ဦးဖြူသီး၊ ဦးမောင်ပုခင်၊ ဦးမောင်မောင်ထွန်း တို့မှာလည်း လျော်ကြေးငွေ မရရှိသေးကြောင်း သိရှိရသည်။
(၂) မဒေးကျွန်း လယ်သမားများအနေဖြင့် မီတာ(၃၀) အပြင်ဘက် ယာယီအသုံးပြုမြေအတွက် ယခုအချိန်အထိ လျော်ကြေးငွေ လုံးဝ မရရှိသေးပါ။
မဒေးကျွန်းပေါ်မှ ရေကန် ရေ၀ပ် ဧရိယာ တိုးချဲ့မှုကြောင့် ထပ်မံဆုံးရှုံးသော စိုက်ပျိုးမြေများ၊ သီးပင်စားပင်များအတွက်၊ တောင်သူ ၅၄ ဦးမှာ လျော်ကြေးငွေ မရရှိခဲ့ပါ။
. . . . . . . . . . . . . . . . . . . . .
(ဂ) မြေယာ၊ သီးနှံ၊ ရေသွင်းမြောင်း ထိခိုက်ပျက်စီး ဆုံးရှုံးမှု
(၁) ကျောက်ဖြူမြို့နယ်အတွင်း တောင်ဖြိုမြေစာပုံများ၊ ပိုက်လိုင်းကျင်း မြေစာပုံများအား မိုးရေတိုက်စားကာ စိုက်ပျိုးမြေများအတွင်း မျောပါဝင်ရောက်သောကြောင့် အပေါ်ယံမြေဆီလွှာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ (ဂုံးချိန်၊ နှမ်းဖဲတောင်၊ ကလဘာတောင်၊ မဒေးကျွန်း၊ ကပိုင်ချောင်း၊ ကျောက်ခမောက်၊ ရတနရွာအပါအ၀င် ကျေးရွာများပါဝင်သည်။)
ကပိုင်ချောင်းရွာတွင် တမံ(ကာရီ) ပျက်စီးမှုကြောင့် ထိခိုက်ရသော မြေဧက (၁၀၈၀)အတွက် တစ်နှစ် စပါးတင်းပေါင်း ၃၀၀၀၀ ကျော်ထွက်ရှိသောလယ်ဧက (ရ၅၀)မှာ ပြီးခဲ့သော မိုးရာသီတွင် စပါးမစိုက်ပျိုးနိုင်ပါ။ ထို့အတွက် သီးနှံလျော်ကြေးပေးသင့်သော်လည်း ပေးအပ်မှုမရှိကြောင်း သိရှိရသည်။
ပင်လယ်ကမ်းစပ်မှ လှိုင်းကာကျောက်ဆောင်များကို ဖျက်ဆီးပစ်သည့်အတွက် ရေငံဝင်ရောက်ကာ စိုက်ပျိုးမြေ ပျက်စီးမှုများလည်း ကျောက်ဖြူမြို့နယ် မလကျွန်းအနီးတွင် တွေ့ရသည်။
မဒေးကျွန်းပေါ်မှ တောင်ကျချောင်း ၄ ချောင်းကို သောက်သုံးရေကန် ရေဖြည့်တင်းရန် အတွက်သာ အသုံးပြုသဖြင့် ယခင်က ချောင်းရေသုံး လယ်မြေများ ရေလုံလောက်စွာ မရရှိတော့ဘဲ စပါးအထွက်နှုန်း ကျဆင်းခြင်း၊ အချို့ လယ်မြေများ လုံးဝစပါး မစိုက်နိုင်ခြင်း စသော အခက်အခဲများ ရှိနေသည်။
. . . . . . . . . . . . . .
(စ) လူ့အခွင့်အရေး နှင့် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ
(၁) ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ သောက်သုံးရေကန်ကြီးကို အကြောင်းပြု၍ “ကန်ပတ်လည် ကျေးရွာများနှင့် ဥယျဉ်ခြံမြေများမှ ဒေသခံများအား ကျွဲနွားတိရိစ္ဆာန် မမွေးမြူရ၊ ပေါင်းမြက်ရှင်းလင်းခြင်းမပြုရ၊ လူနေတဲ၊ နွားတဲများ မဆောက်ရ” စသော အမိန့်များ ထုတ်ပြန်တားမြစ်ခြင်း၊ ရှိပြီးတဲများ ဖျက်ခိုင်းခြင်းများ ရှိနေသည်။
ထိုရေကန်မှရေကို ရေနက်ဆိပ်ကမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရေပေးဝေရာတွင် အဆင့်မြင့်ဖိုက်ဘာပိုက်များ၊ ရေပိုက်များကို အသုံးပြုပြီး၊ ဒေသခံရွာ (၃)ရွာသို့ပေးဝေရာတွင်မူ အရည်အသွေးညံ့သော သံပိုက်များ အသုံးပြုသည့်အတွက် သံချေးတက်ကာ ညစ်ညမ်းသော ရေများ အသုံးပြုနေရသည်။
မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေး ကော်မတီ (MCPWC) ၏ ၂၀၁၂ နိုဝင်ဘာ နှင့် ဒီဇင်ဘာ နှစ်လ အစီရင်ခံစာ ထွက်ရှိလာရာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ပိုက်လိုင်းဖြတ်သန်းသွားသည့် နေရာများတွင် စောင့်ကြည့်လေ့လာတွေ့ရှိချက်များကို ဖော်ပြထားသည်။ ယင်းအစီရင်ခံစာမှ အချက်အလက်တချို့ကို ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။
============================= ဤစီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုများမှာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရှိကြောင်း သတင်းများအရ သိရသည်။ ဒေသခံလယ်သမားများအား လယ်ယာ နှင့် သီးနှံလျော်ကြေး အဖြစ် ရင်းနှီးမြှုပ်နှံမှုတစ်ခုလုံး၏ (၀.၀၁၂၈) ရာခိုင်နှုန်း သာ မြေယာ/သီးနှံ လျော်ကြေးအဖြစ် အသုံးပြုကြောင်းတွေ့ရှိရသည်။ နိုင်ငံတော်အနေဖြင့်လည်း နှစ်သုံးဆယ်အတွက် ပိုက်လိုင်းဖြတ်သန်းခ ရရှိမည့်ဝင်ငွေမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃.၈၁ သန်း မျှသာဖြစ်သည့်အတွက် ရန်ကုန်မြို့ပေါ်မှ ဟိုတယ်တစ်လုံးမြေငှားရမ်းခနှင့် နှိုင်းယှဉ်ကြည့်လျှင် အလွန်နည်းပါးကြောင်း သိနိုင်သည်။ ရေနံဖြတ်သန်းခ ရရှိမည်ဖြစ်သော်လည်း သဘာဝဓါတ်ငွေ့ဖြတ်သန်းခ ရ/မရ မသိရှိရပါ။ ပိုက်လိုင်းတစ်လျှောက် ဖြေရှင်းရန် လိုအပ်ချက်များ (က) မြေယာ/သီးနှံလျော်ကြေးကိစ္စ (၁) ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတည်ဆောက်ရာ မဒေးကျွန်းမှ လယ်သမားများမှာ မူလပေးလျော်မည်ဟု ကတိပြုထားသော လျော်ကြေးပမာဏအတိုင်းအပြည့်အ၀မရရှိကြောင်း သိရှိရသည်။ ပြိန်ရွာမှ ဦးနန်းနု ၊ ဦးအောင်သန်းချေ အပါအ၀င် လယ်သမားများမှာ ဒုတိယအရစ် လျော်ကြေးငွေထုတ်ယူရာတွင် မူလပေးလျော်မည်ဟု ပြောထားသော ငွေပမာဏအတိုင်း မရရှိဘဲဖြတ်တောက် ဖြတ်တောက်လျော့ချခံရသည်။ လျော်ကြေးပေးသူများမှ ယခင်အတွက်အချက်မှားယွင်းမှုကြောင့် ယခုလိုလျော်ကြေးပမာဏ လျော့နည်း သွားခြင်း ဖြစ်သည်ဟု အကြောင်းပြသည်။ ကျောက်ဖြူမြို့နယ် မလကျွန်း လိပ်ခမော်ရွာအနီးရှိ On Shore Gas Terminal စီမံကိန်း မြေနေရာအတွက် ဒေသခံ(၄၀)ဦး အနက် ၂ဦးသာ လျော်ကြေးရရှိခဲ့ပြီး၊ ကျန်(၃၈) ဦးမှာ လျော်ကြေးမရရှိကြောင်းသိရှိရသည်။ ထို့အပြင် ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာမှ ဦးကျော်သိန်း၊ ဦးချင်းတောင်း၊ ဦးသင်္ကြန်အောင်၊ ဒေါ်သာဖြူ၊ ဦးစောမောင်ဦး၊ ဦးမောင်မောင်အောင်၊ ဦးဖြူသီး၊ ဦးမောင်ပုခင်၊ ဦးမောင်မောင်ထွန်း တို့မှာလည်း လျော်ကြေးငွေ မရရှိသေးကြောင်း သိရှိရသည်။ (၂) မဒေးကျွန်း လယ်သမားများအနေဖြင့် မီတာ(၃၀) အပြင်ဘက် ယာယီအသုံးပြုမြေအတွက် ယခုအချိန်အထိ လျော်ကြေးငွေ လုံးဝ မရရှိသေးပါ။ မဒေးကျွန်းပေါ်မှ ရေကန် ရေ၀ပ် ဧရိယာ တိုးချဲ့မှုကြောင့် ထပ်မံဆုံးရှုံးသော စိုက်ပျိုးမြေများ၊ သီးပင်စားပင်များအတွက်၊ တောင်သူ ၅၄ ဦးမှာ လျော်ကြေးငွေ မရရှိခဲ့ပါ။ . . . . . . . . . . . . . . . . . . . . . (ဂ) မြေယာ၊ သီးနှံ၊ ရေသွင်းမြောင်း ထိခိုက်ပျက်စီး ဆုံးရှုံးမှု (၁) ကျောက်ဖြူမြို့နယ်အတွင်း တောင်ဖြိုမြေစာပုံများ၊ ပိုက်လိုင်းကျင်း မြေစာပုံများအား မိုးရေတိုက်စားကာ စိုက်ပျိုးမြေများအတွင်း မျောပါဝင်ရောက်သောကြောင့် အပေါ်ယံမြေဆီလွှာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ (ဂုံးချိန်၊ နှမ်းဖဲတောင်၊ ကလဘာတောင်၊ မဒေးကျွန်း၊ ကပိုင်ချောင်း၊ ကျောက်ခမောက်၊ ရတနရွာအပါအ၀င် ကျေးရွာများပါဝင်သည်။) ကပိုင်ချောင်းရွာတွင် တမံ(ကာရီ) ပျက်စီးမှုကြောင့် ထိခိုက်ရသော မြေဧက (၁၀၈၀)အတွက် တစ်နှစ် စပါးတင်းပေါင်း ၃၀၀၀၀ ကျော်ထွက်ရှိသောလယ်ဧက (ရ၅၀)မှာ ပြီးခဲ့သော မိုးရာသီတွင် စပါးမစိုက်ပျိုးနိုင်ပါ။ ထို့အတွက် သီးနှံလျော်ကြေးပေးသင့်သော်လည်း ပေးအပ်မှုမရှိကြောင်း သိရှိရသည်။ ပင်လယ်ကမ်းစပ်မှ လှိုင်းကာကျောက်ဆောင်များကို ဖျက်ဆီးပစ်သည့်အတွက် ရေငံဝင်ရောက်ကာ စိုက်ပျိုးမြေ ပျက်စီးမှုများလည်း ကျောက်ဖြူမြို့နယ် မလကျွန်းအနီးတွင် တွေ့ရသည်။ မဒေးကျွန်းပေါ်မှ တောင်ကျချောင်း ၄ ချောင်းကို သောက်သုံးရေကန် ရေဖြည့်တင်းရန် အတွက်သာ အသုံးပြုသဖြင့် ယခင်က ချောင်းရေသုံး လယ်မြေများ ရေလုံလောက်စွာ မရရှိတော့ဘဲ စပါးအထွက်နှုန်း ကျဆင်းခြင်း၊ အချို့ လယ်မြေများ လုံးဝစပါး မစိုက်နိုင်ခြင်း စသော အခက်အခဲများ ရှိနေသည်။ . . . . . . . . . . . . . . (စ) လူ့အခွင့်အရေး နှင့် အလုပ်သမား အခွင့်အရေးချိုးဖောက်မှုများ (၁) ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ သောက်သုံးရေကန်ကြီးကို အကြောင်းပြု၍ “ကန်ပတ်လည် ကျေးရွာများနှင့် ဥယျဉ်ခြံမြေများမှ ဒေသခံများအား ကျွဲနွားတိရိစ္ဆာန် မမွေးမြူရ၊ ပေါင်းမြက်ရှင်းလင်းခြင်းမပြုရ၊ လူနေတဲ၊ နွားတဲများ မဆောက်ရ” စသော အမိန့်များ ထုတ်ပြန်တားမြစ်ခြင်း၊ ရှိပြီးတဲများ ဖျက်ခိုင်းခြင်းများ ရှိနေသည်။ ထိုရေကန်မှရေကို ရေနက်ဆိပ်ကမ်းဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရေပေးဝေရာတွင် အဆင့်မြင့်ဖိုက်ဘာပိုက်များ၊ ရေပိုက်များကို အသုံးပြုပြီး၊ ဒေသခံရွာ (၃)ရွာသို့ပေးဝေရာတွင်မူ အရည်အသွေးညံ့သော သံပိုက်များ အသုံးပြုသည့်အတွက် သံချေးတက်ကာ ညစ်ညမ်းသော ရေများ အသုံးပြုနေရသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် ကုန်သွယ်မှု စတင်စစ်ဆေးမည် Sunday, June 23, 2013 ဆိပ်ကမ်းနှင့် လေဆိပ်များတွင် တရားမဝင် မှောင်ခို ကုန်သွယ်မှုများကို စ
ရန်ကုန် မြို့တော်ခန်းမနှင့် အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက်အအုံ များ၏ သမိုင်းအချက် အလက်များကို ကမ္ပည်းရေးထိုးမည် Sunday, June 23, 2013 ရန်ကုန်မြို့တော်ခန်းမ အနီးဝန်းကျင်ရှိ ရှေးဟောင်းအဆောက် အအုံများတွင်
ထိုင်း ဘုရင့်သမီးတော် မြန်မာနိုင်ငံ လာရောက် ထိုင်း ဘုရင့်နိုင်ငံ၏ ကိုးဆက်မြောက် ချက်ကရီ မင်းဆက်ဖြစ်သော Bhumibol Adulyadej ၏ ဒုတိယမြေ
ရခိုင်ပြည်နယ် လ.ဝ.က ဒု-ပြည်နယ်မှူး (ငြိမ်း) ဦးသာမြ နှင့် တွေ့ဆုံခြင်း မေး။ ။ မင်္ဂလာပါဆရာကြီး။ ဆရာကြီးက ရခိုင်ပြည်နယ် လ.ဝ.က မှာ အချိန်အကြာကြီး တာဝန်ထမ်းဆောင်ခဲ့ဖူ
ရှစ်လသား အရွယ် ကလေးငယ်တစ်ဦး မြန်မာနယ်စပ်အနီး ကျေးရွာ တစ်ခုမှ ပြန်ပေးဆွဲခံရ ရှစ်လသား အရွယ် ကလေးငယ် တစ်ဦးကို မြန်မာနဲ့ နယ်စပ်ချင်း ကပ်ရပ်တည်ရှိတဲ့ ဘင်္ဂလာဒေခ်ျ့ ကျေးရွ
ရဲ (၇ ) ဦး စောင့်ကြပ်ထားတာတောင် တရားခံက ရေထဲခုန်ချသေမှုဖြစ်သွားတဲ့ အမှုမပေါ်ဘဲ တရားခံ သေဆုံးမှု
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)