Samsung Galaxy S4 ဖုန်းကြော်ငြာ ဗီဒီယိုပါ ဆိုပြီး rozetked ဝဘ်ဆိုဒ်က Youtube မှာ တင်လိုက်ပါတယ်။ ရက်ပိုင်းအတွင်းကို ကြည့်ရှုသူ ၁ သိန်းကျော်သွားပြီ ဖြစ်ပါတယ်။
Samsung က တရားဝင်ကြေညာထားခြင်း မဟုတ်သေးတော့ ယင်း ဗီဒီယိုထဲက Samsung Galaxy S4 ကတော့ fake ပဲဖြစ်ပါတယ်။ သို့ပေမယ့် ဗီဒီယို ဖန်တီးသူတို့ တော်တော် တော်ပါတယ်။ သူတို့ ခန့်မှန်းခြေက အနီးစပ် ဆုံး ဖြစ်တယ်လို့တောင် ချီးကျူးထားကြပါတယ်။
ဗီဒီယိုထဲကအတိုင်းဆိုရင် S4 ကို လေဆာကီးဘုတ်နဲ့တောင် ချိတ်ဆက် အသုံးပြု နိုင်ပါတယ်။ ကင်မရာက 13 megapixel ရှိပြီး ၅ လက်မ မကတဲ့ မျက်နှာပြင်က 1080p resolution အဆင့်ရှိတဲ့ Grand AMOLED အမျိုး အစား ဖြစ်ပါတယ်။ Processor ကလည်း 2.0GHz 4 quad core ဖြစ်ပါ တယ်။ quad core တောင် လေးခု ပါတယ်ဆိုတဲ့ သဘောဖြစ် ပါတယ်။
အရွယ်ပိုကြီးလာပြီး ပိုလည်းပါးသွားပါတယ်။ မော်ဒယ်ကုဒ်နံပါတ်ကို GT-I9500 လို့တောင် အမည်ပေးထားပါသေးတယ်။ တကယ် ထုတ်ဖော်ပြ သတဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ CES မှာမှ တကယ်ဟုတ် မဟုတ် မြင်တွေ့ရ မှာ ဖြစ်ပါတယ်။
Samsung Galaxy S4 ကြာ်ငြာဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
http://youtu.be/p5YPaBkhKZI
Aung Kham (TSJ team)
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
Lenovo ၏ screen အရွယ် ၂၇ လက်မရှိ Horizon table ကွန်ပျူတာ မိတ်ဆက်ပြသ Consumer Electronics Show 2013 (CES 2013) ပြပွဲတွင် IdeaCentre Horizon အမည်ရှိ စားပွဲပုံသဏ္ဍန် to
ကမ္ဘာ့အသက်အငယ်ဆုံး ဗီဒီယိုဂိမ်း ပရိုဂမ်မာ အသက် ၇ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူဖန်တီးလိုက်တဲ့ဂိမ်းမှာ အမေရိကန်က ကလေးတွေကြားမှာ လူကြိ
Android အတွက် VZO Chat လာပြီ ================= Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထ
အင်တာနက်ဖိုး လုံးဝ မကုန်တဲ့ နည်းတစ်ခု (အင်တာနက်ဖိုး လုံးဝ မကုန်တဲ့ နည်းတစ်ခုတဲ့  ..ဟုတ်၊မဟုတ်တော့ မသေချာပါဘူး ။ Facebook မှာ
ကမ္ဘာ့ပထမဆုံး စိန်ကိုယ်ထည် လက်စွပ် ကမ္ဘာ့ပထမဆုံး ကိုယ်ထည်တစ်ခုလုံး စိန်နဲ့ပြုလုပ်ထားတဲ့ လက်စွပ် (All-Diamond Ring) ကို ဆွစ်ဇာလန်နို
Viber ထက်သာတဲ့ Line Free Call Skype နဲ့ Viber တွေကို စမတ်ဖုန်းသုံးစွဲသူများ သိထားကြပြီးသား ဖြစ်ပေမဲ့ Line ကိုတော့ တချို
Previous Post
ကွေးကောက်နိုင်သည့ှ်Samsung စမတ်ဖုန်း
ကွေးကောက်နိုင်သည့ှ်Samsung စမတ်ဖုန်း
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)