မြန်မာနိုင်ငံသည် ၎င်း၏ပထမဆုံးသော “အေတီအမ်” ငွေထုတ်စက်များကို လွန်ခဲ့သော
တစ်နှစ်ကျော်က စတင်ခဲ့ကာ ယခုအခါ ဒေသခံ ဘဏ်များအနေဖြင့်
မိုဘိုင်းဖုန်းများမှ တစ်ဆင့် ငွေလွှဲပြောင်းခွင့်ပြုမည့် စနစ်သစ်တစ်ရပ်ကို
ပြုလုပ်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။
ဒေသခံထိပ်တန်း ဘဏ်များသည်
ယခုနှစ်ဆန်းမှစပြီး မိုဘိုင်းဖုန်းဝန်ဆောင်မှု အသစ်လုပ်ငန်းများ
စတင်နိုင်မည်ဟု မျှော် လင့်ကြောင်း ဘဏ် အရာရှိကြီး တစ်ဦးက ပြောသည်။
ပုဂ္ဂလိက စီဘီဘဏ် မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က ၎င်းသည် ဖြစ်နိုင်ဖွယ်
အစီအစဉ်များကို ဆွေးနွေးရန် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ
ဝန်ကြီးဌာနနှင့် တွေ့ဆုံ ခဲ့ကြောင်း ပြောပြသည်။
၎င်းက“မြန်မာနိုင်ငံမှာ ကျွန်တော်တို့ ဒီစနစ်စတင်တဲ့အခါ အေတီအမ်စနစ်
ကျင့်သုံးနေကြတဲ့ ဒေသခံ ထိပ်တန်းဘဏ်အားလုံး အလားတူ လုပ်ဆောင်ကြမယ်” ဟု
ပြောကြားသည်။ ဆက်လက်ပြီး ဦးဖေမြင့်က “စနစ်သစ်အရ လူများအနေနဲ့
မိုဘိုင်းဖုန်းများဖြင့် ငွေလွှဲနိုင်ကြမယ်။
လုံခြုံသော
ကုတ်နံပါတ်တစ်ခု ရရှိတဲ့ ဘဏ်ငွေစာရင်း ဖွင့်ထားသူများဟာ အေတီအမ်စက်
တစ်ခုမှာ ငွေထုတ်၊ ငွေစုတာတွေ လုပ်နိုင်ကြမယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော အေတီအမ်ကို ၂၀၁၁ ခုနှစ် နိုဝင်ဘာတွင် စတင်
တပ်ဆင်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အဓိက မြို့ကြီးအားလုံး၌ အေတီ အမ်များသည်
ဗီဇာ၊ မာစတာကတ် ကဲ့သို့သော နိုင်ငံတကာ ခရက်ဒစ်ကတ်များမှ
ငွေကြေးလုပ်ငန်းများကို စတင်လက်ခံ ဆောင် ရွက်ခဲ့သည်။
“စင်ကာပူ
ဘဏ်များဟာ ဗီဇာနှင့် မာစတာကတ်အတွက် လုံခြုံရေး တိုးမြှင့်ခဲ့တယ်။ ဒါကြောင့်
မြန်မာနိုင်ငံမှာ ကမ္ဘာလှည့် ခရီးသွားတွေဟာ စင်ကာပူမှ ကတ်တွေသုံးလို့
မရဘူး။ ဒါပေမယ့် မကြာမီ အဆင်ပြေအောင် လုပ်ကိုင်ပေးနိုင်မှာဖြစ်တယ်” ဟု
ဦးဖေမြင့်က ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ထုတ် News
Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
International Social Network Myanmar