ဒီဇင်ဘာလအတွင်း ကစားခဲ့တဲ့ ပွဲစဉ်(၆)ပွဲမှာ (၅)ဂိုးသွင်းယူနိုင်ခဲ့တဲ့
မန်ယူတိုက်စစ်မှူး ဗန်ပါစီဟာဘာကလေမှ ချီးမြှင့်တဲ့ တစ်လတာ အကောင်းဆုံးဆုကို
ရရှိသွားခဲ့ပါတယ်။ ဗန်ပါစီဟာ မန်ယူကို ကယ်တင်နေသူလို့သတ်မှတ်ကြတဲ့အထိ
ခြေစွမ်းပြနေနိုင်သူဖြစ်ပြီး ၀က်စ်ဟမ်းကို မရှုံးခဲ့တာလည်း
ဗန်ပါစီကြောင့်လို့ ဖာဂူဆန်ကိုယ်တိုင်
ထုတ်ဖော်ချီးကျူးထားသူပါ။ လက်ရှိ
အချိန်မှာလည်း သွင်းဂိုး (၁၆)ဂိုးနဲ့အတူ ပရီးမီးယားလိဂ်ထိပ်တန်း
ဂိုးသွင်းရှင်နေရာမှာ ရပ်တည်နေသူဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နွေရာသီ
အပြောင်းအရွှေ့မှာ အာဆင်နယ်ကနေပါင်(၂၄)သန်း
နဲ့ရောက်ရှိလာသူဖြစ်ပြီး မန်ယူတိုက်စစ်မှာ မရှိမဖြစ် ကစားသမားတစ်ဦးဖြစ်လာခဲ့တဲ့အပြင်
ဒီရာသီပြိုင်ပွဲစုံမှာ မန်ယူအတွက် ဂိုး(၂၀)သွင်းပေး ထားနိုင်ခဲ့ပါတယ်။
ဗန်ပါစီဟာ မနှစ်ကရာသီမှာလည်း ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးဆု
ဆွတ်ခူးနိုင်ခဲ့တဲ့ တိုက်စစ်မှူးဖြစ်ပြီး ဒီနှစ်မှာသာ ထပ်မံ
ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် အလန်ရှီးယား၊ အွန်နရီတို့လို (၂)ရာသီဆက်
ရွှေဖိနပ်ဆုရရှိတဲ့ (၃)ဦးမြောက် ကစားသမားဖြစ်လာမှာပါ။