ကင်ညာ
နိုင်ငံတွင် ဆင် ၁၁ ကောင်ရှိ ဆင် တစ်အုပ်လုံးကို သတ်ခဲ့သည်ဟု ယူဆရသော
တိရစ္ဆာန် သတ်ဖြတ်သည့် အဖွဲ့ကို လိုက်လံရှာဖွေ မှုများ ပြုလုပ်လျက်
ရှိကြောင်း တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက ပြောကြား ခဲ့သည်။
ဆင် တစ်အုပ်လုံးကို ဇန်နဝါရီ ၅ ရက်က သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ဆင်စွယ်များ
ဖြုတ်ယူ ခဲ့မှုသည် နိုင်ငံ အတွင်း အဆိုးရွားဆုံး ဖြစ်ရပ် တစ်ခု အဖြစ်
မှတ်တမ်းတင် ခဲ့သည်။
အာရှမှ ဆင်စွယ် ဝယ်လိုအား တိုးမြှင့် လာမှုကို
တိုက်ဖျက်ရန် ကြိုးပမ်းချက် တစ်ရပ် အနေဖြင့် ကင်ညာ နိုင်ငံတွင် မကြာသေးမီက
တရားမဝင် ဆင်သတ်သည့် အဖွဲ့အား ပြင်းထန်စွာ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ကင်ညာ နိုင်ငံတွင် တိရစ္ဆာန် ခိုးဖမ်းသူ များ၏ လက်ချက်ကြောင့် တစ်နှစ်လျှင် ဆင်အကောင်ရေ ၁ဝဝ ခန့် သေဆုံး ခဲ့သည်။
နိုင်ငံတကာ ကုန်သွယ်မှု ဈေးကွက်တွင် ကြံ့ချိုနှင့် ဆင်စွယ်ကို ကာလ
ကြာရှည်စွာ တားမြစ် ပိတ်ပင်မှုများ ရှိနေသော် ငြားလည်း အလှဆင် တန်ဆာများ
ပြုလုပ်ရာတွင် အသုံးပြုရန် အတွက် ဆင်စွယ်များကို အာရှသို့ မကြာခဏ မှောင်ခို
တင်သွင်းလျက် ရှိသည့်အပြင် ကြံ့ချို များကိုလည်း ရိုးရာ တိုင်းရင်းဆေး
ထုတ်လုပ် ရာတွင် အသုံးပြုလျက် ရှိသည်။
ဆင် တစ်အုပ်လုံး
သတ်ဖြတ်ခြင်း ခံခဲ့ရသည့် တာဆာဗို အမျိုးသား ဥယျာဉ်သည် နိုင်ငံ၏ အကြီးဆုံး
ဂေဟစ နစ် ထိန်းသိမ်းရေး စခန်း ဖြစ်ပြီး၊ ၎င်း အမျိုးသား ဥယျာဉ် အတွင်း
ဆင်ကောင်ရေ ၁၃ဝဝဝ ခန့် နေထိုင်လျက် ရှိသည်။
တိရစ္ဆာန်များ
မှောင်ခို သတ်ဖြတ်သော အဖွဲ့တွင် ၁ဝ ဦးကျော် ပါဝင် ဖွဲ့စည်းထားသည်ဟု
ယူဆရပြီး ၎င်းတို့အား ရိန်းဂျား တပ်ဖွဲ့မှ ဝေဟင်နှင့် မြေပြင်တွင် လိုက်လံ
ခြေရာခံ ဖမ်းဆီးလျက် ရှိကြောင်း ၎င်းက ပြောကြားသည်။
သေဆုံးနေသော
ဆင်များ အားလုံးတွင် သေနတ် ဒဏ်ရာများ ရှိကြောင်း တောရိုင်း တိရစ္ဆာန်
ထိန်းသိမ်းရေး ဌာနက အစီရင် ခံစာတွင် ပြောကြား ထားသည်။
ကင်ညာ
အစိုးရက ၁၉၈၉ ခုနှစ်မှ စ၍ ဆင်စွယ် ကုန်သွယ်မှုကို တားမြစ် ပိတ်ပင်
ခဲ့ခြင်းကြောင့် ဆင်များကို ခိုးယူ ဖမ်းဆီးမှုသည် ကျဆင်း လာခဲ့သော်လည်း
မကြာသေးမီ နှစ်များက ဆင်များကို တရားမဝင် ဖမ်းဆီး မှုသည် မြင့်တက်
လာခဲ့ကြောင်း သိရသည်။
မှ မြ၀တီ
ကင်ညာ
နိုင်ငံတွင် ဆင် ၁၁ ကောင်ရှိ ဆင် တစ်အုပ်လုံးကို သတ်ခဲ့သည်ဟု ယူဆရသော
တိရစ္ဆာန် သတ်ဖြတ်သည့် အဖွဲ့ကို လိုက်လံရှာဖွေ မှုများ ပြုလုပ်လျက်
ရှိကြောင်း တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက ပြောကြား ခဲ့သည်။
ဆင် တစ်အုပ်လုံးကို ဇန်နဝါရီ ၅ ရက်က သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ဆင်စွယ်များ ဖြုတ်ယူ ခဲ့မှုသည် နိုင်ငံ အတွင်း အဆိုးရွားဆုံး ဖြစ်ရပ် တစ်ခု အဖြစ် မှတ်တမ်းတင် ခဲ့သည်။
အာရှမှ ဆင်စွယ် ဝယ်လိုအား တိုးမြှင့် လာမှုကို တိုက်ဖျက်ရန် ကြိုးပမ်းချက် တစ်ရပ် အနေဖြင့် ကင်ညာ နိုင်ငံတွင် မကြာသေးမီက တရားမဝင် ဆင်သတ်သည့် အဖွဲ့အား ပြင်းထန်စွာ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
ကင်ညာ နိုင်ငံတွင် တိရစ္ဆာန် ခိုးဖမ်းသူ များ၏ လက်ချက်ကြောင့် တစ်နှစ်လျှင် ဆင်အကောင်ရေ ၁ဝဝ ခန့် သေဆုံး ခဲ့သည်။
နိုင်ငံတကာ ကုန်သွယ်မှု ဈေးကွက်တွင် ကြံ့ချိုနှင့် ဆင်စွယ်ကို ကာလ ကြာရှည်စွာ တားမြစ် ပိတ်ပင်မှုများ ရှိနေသော် ငြားလည်း အလှဆင် တန်ဆာများ ပြုလုပ်ရာတွင် အသုံးပြုရန် အတွက် ဆင်စွယ်များကို အာရှသို့ မကြာခဏ မှောင်ခို တင်သွင်းလျက် ရှိသည့်အပြင် ကြံ့ချို များကိုလည်း ရိုးရာ တိုင်းရင်းဆေး ထုတ်လုပ် ရာတွင် အသုံးပြုလျက် ရှိသည်။
ဆင် တစ်အုပ်လုံး သတ်ဖြတ်ခြင်း ခံခဲ့ရသည့် တာဆာဗို အမျိုးသား ဥယျာဉ်သည် နိုင်ငံ၏ အကြီးဆုံး ဂေဟစ နစ် ထိန်းသိမ်းရေး စခန်း ဖြစ်ပြီး၊ ၎င်း အမျိုးသား ဥယျာဉ် အတွင်း ဆင်ကောင်ရေ ၁၃ဝဝဝ ခန့် နေထိုင်လျက် ရှိသည်။
တိရစ္ဆာန်များ မှောင်ခို သတ်ဖြတ်သော အဖွဲ့တွင် ၁ဝ ဦးကျော် ပါဝင် ဖွဲ့စည်းထားသည်ဟု ယူဆရပြီး ၎င်းတို့အား ရိန်းဂျား တပ်ဖွဲ့မှ ဝေဟင်နှင့် မြေပြင်တွင် လိုက်လံ ခြေရာခံ ဖမ်းဆီးလျက် ရှိကြောင်း ၎င်းက ပြောကြားသည်။
သေဆုံးနေသော ဆင်များ အားလုံးတွင် သေနတ် ဒဏ်ရာများ ရှိကြောင်း တောရိုင်း တိရစ္ဆာန် ထိန်းသိမ်းရေး ဌာနက အစီရင် ခံစာတွင် ပြောကြား ထားသည်။
ကင်ညာ အစိုးရက ၁၉၈၉ ခုနှစ်မှ စ၍ ဆင်စွယ် ကုန်သွယ်မှုကို တားမြစ် ပိတ်ပင် ခဲ့ခြင်းကြောင့် ဆင်များကို ခိုးယူ ဖမ်းဆီးမှုသည် ကျဆင်း လာခဲ့သော်လည်း မကြာသေးမီ နှစ်များက ဆင်များကို တရားမဝင် ဖမ်းဆီး မှုသည် မြင့်တက် လာခဲ့ကြောင်း သိရသည်။

SHARE THIS